Sports

ဘစ်ဆာကာကို စိတ်တိုင်းမကျလို့ အသစ်နဲ့အစားထိုးဖို့ကြံနေတဲ့ ဆိုးလ်ရှား

မန်ယူနိုက်တဒ် အသင်းဟာ သူတို့ရဲ့ နောက်တန်းကိုပြင်ဆင်ဖို့လိုအပ်နေတာကြောင့် ခံစစ် အတွက် အဓိက ခေါ်ယူမှု့တွေပြုလုပ်ဖို့ ချိတ်ဆက်ကြိုးပမ်းမှု့တွေ ပြုလုပ်နေပါတယ်။ ဗဟိုခံစစ်အတွက် ပြင်ဆင်တာနဲ့တပြိုင်နက်မှာပဲ ဆိုးလ်ရှားက ညာတောင်ပံ ခံစစ်ကိုပါပြင်ဆင်ဖို့အလိုရှိနေပြီး နည်းစနစ်ပိုင်းဆိုင်ရာအားနည်းချက်တစ်ခုဖြစ်နေတဲ့ ညာခံစစ်ဟာ ဘစ်ဆာကာ တစ်ယောက်ထဲနဲ့မလုံလောက်ဘူးလို့ တွက်ဆထားပါတယ်။ ဘစ်ဆာကာ ဟာ တိုက်စစ်လိုက်ပါနိုင်စွမ်း အားနည်းသလို ခံစစ်အတွင်း နေရာယူမှု့အားနည်းပေမယ့် သူ့ရဲ့တစ်ဦးချင်းဖျတ်ထုတ်နိုင်စွမ်းကတော့ သူမတူအောင် ထူးချွန်တာကြောင့်လည်း ဘစ်ဆာကာ ကို ပွဲအတွင်းမှာ လေ့ကျင့်ပေးနိုင်မယ့် ညာနောက်ခံလူမျိုးကို ဆိုးလ်ရှားကအလိုရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တဒ်ညာတောင်ပံတကြောလုံးက ယခုရာသီမှာ ဂရင်းဝုဒ် ကို တိုက်စစ်ပိုင်းနဲ့ ဘစ်ဆာကာ ကို ခံစစ်ပိုင်း တာဝန်ပေးထားပြီး လူလဲရန်မရှိတော့တဲ့ အနေထားဖြစ်လို့ နည်းဗျူဟာပိုင်းဆိုင်ရာပြောင်းလဲမှု့မျိုး မပြုလုပ်နိုင်သလို ဒဏ်ရာရခဲ့ရင်တောင် အနားပေးနိုင်စွမ်းကအားနည်းခဲ့ပါတယ်။ဘစ်ဆာကာ အတွက်တော့ပထမဆုံးရာသီနဲ့ ဒုတိယရာသီယှဉ်ရင် ဒုတိယရာသီမှာ နှစ်ဂိုးသွင်း လေးဂိုးဖန်တီးခဲ့လို့ တိုးတကိလာတယ်ဆိုနိုင်ပေမယ့် ယူနိုက်တဒ်အတွက်တော့ပိုမိုများပြားတဲ့ ဖြတ်တင်ဘောတွေပြုလုပ်နိုင်ပြီး ခံစစ်ပိုင်း အတွဲလိုက်ကစားပုံပိုကောင်းတဲ့ ကစားသမားမျိုးလိုအပ်နေပါသေးတယ်။ ဘစ်ဆာကာ ကိုလည်းထိန်းကျောင်းနိုင်ပြီး ရေတိုကုစားနိုငိမယ့် ကစားသမားအဖြစ် စပါး ကစားသမားဟောင်း လက်ရှိ အေတီကိုမက်ဒရစ် တောင်ပံလူ ထရစ်ပီယာ ကို ခေါ်ယူနိုငိမယ်လို့ဆိုးလ်ရှားက ယုံကြည်နေတာပါ။

အေတီကို ရဲ့ အဓိကကျခဲ့တဲ့ ချန်ပီယံသိမ်းပွဲမှာ ထရစ်ပီယာ ကလည်း အခရာကျခဲ့ပြီး သူဟာ ဒီရာသီ မက်ဒရစ် ရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ် အဂ်လန်သားက ကိုင်လီဝေါ်ကာ ထက်ဝါရင့်ပြီး ခြေစွမ်းနဲ့အတွေ့ကြုံသာလွန်တာကြောင့်လည်း ဘစ်ဆာကာ ထက် ပိုမိုပြီး ဖြတ်တင်ဘောတွေပြုလုပ်နိုင်ကာ တိုက်စစ်ကိုလိုက်ပါနိုင်မယ်လို့ ဆိုးလ်ရှားကယုံကြည်နေပါတယ်။

ယူနိုက်တဒ် ခံစစ်မှာ တောင်ပံတိုက်စစ်လိုက်ပါမှု့အားကောင်းတဲ့ ကစားသမားတွေပဲ အစဉ်ဆက်ကြီးစိုးခဲ့တာကြောင့်လည်း ဘစ်ဆာကာ အနေနဲ့ တိုက်စစ်လိုက်ပါဖို့ ပိုမိုရုန်းကန်ရဖွယ်ရှိသလို တစ်ဖက်မှာလည်း တဲလက်စ်ကြောင့် လုခ်ရှော ပိုကောင်းလာသလို ထရစ်ပီယာကြောင့် ဘစ်ဆာကာ က ပိုကောင်းလာနိုင်တယ်လို့လည်း နည်းစနစ်အဖွဲ့ကယုံကြည်ထားပါတယ်။ အဂ်လန်သားအတွက် ယူရို(၁၂)သန်းဝန်းကျင်ကျသင့်နိုင်ပြီးတော့ ကစားသမားကိုယ်တိုင်ကလည်း အဂ်လန်ပြန်လာရေးကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။Credit – United New Myanmar

unicode





Credit – United New Myanmar