Sports

သရဲနီကြယ်ပွင့် လင်ဂတ် ပါ၀င်လာပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်း

သရဲနီတပ်သား တစ်ဦးဖြစ်တဲ့ ဂျက်ဆီလင်ဂတ်ဟာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ဩ‌စတေးလျအသင်းနဲ့ ပွဲစဉ်မှာ ကျောနံပါတ် ၁၁ကို ၀တ်‌ဆင်ကာ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပါ၀င်လာခဲ့ပါတယ်။ လင်ဂတ်ဟာ အစောပိုင်းမှာ အင်္ဂလန်အသင်းနဲ့ မပါ၀င်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ‌မနေ့က အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစား၀င်ကစားသမားအဖြစ် အင်္ဂလန်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။

လင်ဂတ်ဟာ ရာသီအစ ယူနိုက်တက်မှာ ခြေစွမ်းဟာ ကောင်းမွန်ခြင်းမရှိတဲ့အပြင် ပွဲထွက်ခွင့်လည်းမရခဲ့ပါဘူး။ ဒါပေမယ့် ၀က်စ်ဟမ်းအသင်းကို အငှားဖြင့် သွားရောက်ကစားခဲ့တဲ့အခါမှာ ခြေစွမ်းပြထားနိုင်သူဖြစ်ပါတယ်။ လင်ဂတ်ဟာ ၀က်စ်ဟမ်းအသင်းမှာ ၁၆ပွဲကစားထားပြီး(၉)ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု (၄)ကြိမ်အထိ ရှိပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source