Sports
မန်ချက်စတာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် လိုရင်းတိုရှင်း အဖြေပေးလိုက်တဲ့ တောရက်
ပရီးမီးယားလိဂ် အင်အားကြီး အသင်း 1 သင်း ဖြစ်တဲ့ ယူနိုက်တက်အသင်း သည် သူတို့ရဲ့ နောက်တန်း ကို ဖာထေးဘို့. အရည်အချင်း ပြည့်မှီတဲ့ နောက်တန်း ကစားသမား 1 ယောက် ကို ခေါ်ယူဖို့ ကြိုပမ်းလျက်ရှိနေပါတယ်။
Unicode
ပရီးမီးယားလိဂ် အင်အားကြီး အသင်း 1 သင်း ဖြစ်တဲ့ ယူနိုက်တက်အသင်း သည် သူတို့ရဲ့ နောက်တန်း ကိို ဖာထေးဘို့. အရည်အချင်း ပြည့်မှီတဲ့ နောက်တန်း ကစားသမား 1 ယောက် ကို ခေါ်ယူဖို့ ကြိုပမ်းလျက်ရှိနေပါတယ်။
ယူနိုက်တက်မှာ ဒေါင်ဒေါင်မြည် နောက်တန်း ကစားသမား ဆိုလို့ အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား မက်ဂွာရား သာ ရှိနေတာကြောင့် မက်ဂွာရား နဲ့ တွဲဖက်ပေးဖို့ ကမ္ဘာ့ အဆင့် ကစားသမား 1 ယောက် ကို အလိုရှိနေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းသည် လက်ရှိမှာတော့ မက်ဂွားရားနဲ့ ခြေရည်တူ ကစားနိုင်မယ့် ကစားသမားတွေကို ရှာဖွေနေကာ လက် ဗီလာရီးရဲ အသင်းမှ စပိန် ကြယ်ပွင့် နောက်တန်း ကစားသမား တောရက် ကို စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
တောရက် သည် ဗီလာရီးရဲအသင်းတွင် အသင်းဖော်တွေ အပေါ်မှာ သြဇာ လွမ်းမိုးနိုင်ပြီး ဘောလုံးကစားခြင်းအပေါ် ယုံကြည်မှုပြည့်ဝတာကြောင့် ရီးရဲမက်ဒရစ် အသင်းနဲ့. ဂျုဗင်တပ်လို့ အသင်းတွေကပါ စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တောရက်က သူ့ရဲ့အနာဂတ်အတွက် တုံ့ပြန်ပြောဆိုခဲ့ရမှာတော့ ဘယ်အသင်းကိုမှ မပြောင်းရွှေ့လိုပဲ ဗီလာရီးရဲ အသင်းမှာ အတော်လေး ပျော်ရွှင်နေပုံရပါတယ်။
တောရက် က ” လက်ရှိမှာတော့ ကျနော် ဗီလာရီးရဲ အသင်းနဲ့ စာချုပ်ရှိနေပါသေးတယ်။ ပြီးတော့ ကျနော်တို့ ယူရိုပါလိဂ်ဆုဖလားလည်း ရရှိထားပါတယ်။ ဒါဟာ ဘယ်လို ပြိုင်ပွဲကိုမဆို ရင်ဆိုင်နိုင်တယ်ဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။ ပြီးတော့ လာမယ့် နှစ်မှာလည်း ကျနော်တို့တွေ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ရဦးမှာပါ။ ဒါကိုပဲ ကျနော် အာရုံစိုက်ထားပါတယ်။ ”
“ကောလဟာလတွေဆိုတာက ခင်ဗျားရဲ့ကောင်းမွန်တဲ့အလုပ်တွေကို လုပ်ဆောင်နေတယ်လို့ ဆိုလိုတာပါပဲ။ ဒါတွေက ကျနော့်အတွက်တော့ အေးဆေးပါပဲ။ ကောလဟာလသတင်းတွေထွက်ပေါ်မှုကြောင့် ကျနော့်ရဲ့စွမ်းဆောင်ရည်တွေ ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ ဒါဟာ ကောင်းခဲ့ပါတယ်။ ” ဟုဆိုသွားခဲ့ပါတယ်။ Credit
#Ap Nge Lay
#Everbest Sport