အကောင်းဆုံးခြေစွမ်းတွေပြသမယ် ဆိုတဲ့ သရဲနီတပ်သားကြီး တဲလက်စ်

ယူနိုက်တက်အသင်းရယ့် ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ တဲလက်စ်ဟာ နောက်လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်း တွေ ပြသမယ်လို့ ပြောကြားခဲ့ပါတယ်။ တဲလက်စ်ဟာ ပေါ်တိုအသင်းကနေ အောက်တိုဘာက ယူနိုက်တက်တို့ ခေါ်ယူထားတဲ့ကစားသမားဖြစ်ပါတယ်။
တဲလက်စ်ဟာ လုခ်ရှောရယ့် ခြေစွမ်းပြမှုတွေကြောင့် အသင်းရယ့် ပွဲထွက်လူစာရင်းနဲ့ ဝေးကွာခဲ့ပါတယ်။

တဲလက်စ်အနေနဲ့ “ကျွန်တော် အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ရော ပုဂ္ဂိုလ်ရေးအရရော ကျွန်တော် တိုးတက်လာပါတယ်။ ယူနိုက်တက်နဲ့ ပထမဆုံးရာသီမှာ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ပါတယ်။ နောက်ပြီး လာမယ့်ရာသီမှာ ကျွန်တော် ပိုကောင်းလာမယ်လို့ ကတိပေးပါတယ်။” ဆိုပြီးပြောကြားခဲ့ပါတယ်။

ထို ဘရာဇီးသား တဲလက်စ်အနေနဲ့ကတော့ ပွဲပေါင်း ၂၀လောက် ပွဲထွက်စာရင်းမှာ ပါ၀င်နိုင်ခဲ့ပြီး ဂိုဖန်တီးမှုလည်း ခြောက်ကြိမ်ထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ တဲလက်စ် တစ်ယောက် နောက်ရာသီမှာ ခြေစွမ်းကောင်းတွေနဲ့အတူ ယူနိုက်တက်
ကို နိုင်ပွဲတွေခေါ်ဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source