Sports

ဘယ်လောက်ကြိုးစားကြိုးစား လီပါပူးလ်ဟာ ယူနိုက်တက်ရယ့် အောက်မှာပါဆိုတဲ့ ဖာဒီနန်

ယူနိုက်တက်ရယ့် ဂန္ဓ၀င်ကြီးကစားသမားတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ ဘယ်လိုဘဲ ကြိုးစားကြိုးစား လီပါပူးလ်အသင်းဟာ ယူနိုက်တက်ရယ့် အောက်မှာပါဆိုပြီးပြောခဲ့ပါတယ်။ အမှတ်ပေး ဇယားမှာ လီပါပူးလ်ဟာ အဆင့် သုံးမှာ ရှိပေမယ့် အဆင့်နှစ်က ယူနိုက်တက်နဲ့ ငါးမှတ်ကွာပါတယ်။ ရာသီကုန်ခါနီး ဆယ်ပွဲလောက် အရေးမနိမ့်ခဲ့တာကြောင့် ဂျာဂျင်ကလော့ဒ်ရယ့် လီပါပူးလ်ဟာ အဆင့်သုံးလောက်ကို ခက်ခက်ခဲခဲ ရောက်ရှိခဲ့တာပါ။

ဖာဒီနန်က ” ပရီးမီးယားလိဂ်မှာ ယူနိုက်တက်တို့လိုချင်တဲ့ တိုးတက်မှုတွေကို ရနေပြီလို့ ထင်ပါတယ်။ ဟိုးရှေ့နှစ်တုန်းက ယူနိုက်တက်ဟာ လီပါပူးလ်နောက် ရမှတ် ၃၀ လောက် ပြတ်ကျန်နေခဲ့ပါတယ်။ အခု လီပါပူလ်က ယူနိုက်တက်နောက်ကို ရောက်သွားခဲ့ပါပြီ။

သူတို့မှာလည်း အကြောင်းပြချက်တွေ ဆင်ခြေတွေ ရှိနေမှာဖြစ်ပေမယ့် ကျနေ်ာတို့ဟာ ဒီရာသီမှာ လီပါပူးလ်ကို ကျော်ဖြတ်နိုင်တဲ့ အနေအထားထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါက ကြီးမားတဲ့ တိုးတက်မှုကို ပြသခဲ့ခြင်းဖြစ်ပြီး ကျနေ်ာတို့က အမှတ်ပေးလိဂ်မှာ ဒုတိယနေရာ ရခဲ့ပါတယ်။ရာသီကုန်လို့ ဒီလိုပြောတာ မဟုတ်ပေမယ့် ရာသီစတုန်းက ယူနိုက်တက် အဆင့်၂ ရမယ်လို့ ပြောခဲ့မယ်ဆိုရင် ဘယ်သူမှကို လက်ခံကြမှာ မဟုတ်ပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source