Local News

ဒီအရေးတော်ပုံ မအောင်နိုင်စရာအကြောင်း မရှိဘူးဆိုတာကို သေချာချက်ကျလက်ကျ ရှင်းပြလာတဲ့ စစ်ပညာသင်ယူနေသူ လူငယ်တစ်ဦး

ဒီအရေးတော်ပုံ မအောင်နိုင်စရာအကြောင်း မရှိဘူးဆိုတာကို သေချာချက်ကျလက်ကျ ရှင်းပြလာတဲ့ စစ်ပညာသင်ယူနေသူ လူငယ်တစ်ဦး

 အခုဆိုရင် တစ်ချို့ဒေသတွေမှာ နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို တစ်ချို့နေရာတွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်  အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတဲ့ ပြည်သူတွေကို PDF လူငယ်တွေကလည်း အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်  တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူငယ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကို Alfie ကတော့ တောထဲမှာ စစ်ပညာသင်ယူနေသူတစ်ဦးဖြစ်ပါတယ် 

 Alfie က သူမြတ်နိုးတဲ့ Hairstylist ဘဝကနေ လက်နက်ကိုင်ရတဲ့ သင်တန်းသားဘဝကို ပြောင်းလဲယူခဲ့တာ ဖြစ်ပါတယ်  တောထဲတောင်ထဲမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး စစ်ပညာသင်ယူနေတဲ့ Alfie က လူမှုကွန်ယက်စာမျက်နှာထက်မှာ နာမည်ကြီးရေပန်းစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်  အခုလည်း Alfie က ပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက် အားပေးစကားတစ်ချို့ကို ရေးသားပြောပြထားတာ တွေ့ရပါတယ်။

 Alfie က (၂၀၂၁အရေးတော်ပုံ မအောင်နိုင်စရာအကြောင်း မရှိကြောင်းကို ချက်ကျလက်ကျ ရှင်းပြထားတာပဲဖြစ်ပါတယ်  ပြည်သူတွေက ရှိတာလေးတွေနဲ့ ခုခံခဲ့တာတောင်မှ တစ်ဖက်က မထိန်းချုပ်နိုင်ခဲ့တာကြောင့် တကယ့်လက်နက်တွေနဲ့သာဆိုရင် အောင်မြင်နေမှာဖြစ်ကြောင်း သူကပြောထားတာလည်း ဖြစ်ပါတယ်  သူကတော့ ပြည်သူတွေရဲ့စည်းလုံးညီညွတ်မှုအင်အားနဲ့ ရဲစွမ်းသတ္တိရှိမှုတွေကို တလေးတစား ဖော်ပြထားတာလည်း ဖြစ်ပါတယ် Credit