Sports

အင်္ဂလန်ကနေ အိုးလ်ထရက်ဖို့ဒ်မှာ တွဲကစားဖို့ ရက်ရှ်ဖို့ဒ် ကြိုဆိုနေတဲ့ ညီလေးက ဘယ်သူလဲ…

– အာရွန် ဝန်ဘစ်ဆာကာရဲ့ တိုက်စစ်လိုက်ပါနိုင်မှုတွေက မန်ချက်စတာယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ်မှူးတွေကို ဝန်ပိစေတယ်လို့ ထင်မြင်နေတဲ့အတွက် တိုက်စစ်ဦးစားပေး ညာနောက်ခံလူတစ်ဦးကို ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး အက်သလက်တီကိုကနေ ကီရန် ထရစ်ပီယာကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအနေနဲ့ ပီအက်စ်ဂျီအသင်းဘက်က စိတ်ဝင်စားမှုတွေကို ပယ်ချထားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသလို အိုးလ်ထရက်ဖို့ဒ်ဘက်က တာဝန်ရှိသူတွေအနေနဲ့ တစ်နှစ်ကို ပေါင် ၁၀ သန်းတန် စာချုပ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေ။

– အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေကတော့ တစ်ခန်း ရပ်သွားခဲ့ရပြီဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် စပိန်လက်ရွေးစင်အတွက် ပေါင် ၆၈ သန်းနဲ့ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ဘက်က သဘော တူညီခဲ့ပြီလို့ ဖော်ပြနေကြ။

– လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာပြီး နူးကမ့်မှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ လူငယ်ကွင်းလယ်လူ အယ်လေ့စ် မိုရီဘာကို ဘာစီလိုနာအသင်းအနေနဲ့ ဒီနွေရာသီမှာ ရောင်းချသွားဖို့ စီစဉ်နေပြီး သူ့ကို ခေါ်ယူလိုနေတဲ့ ယူနိုက်တက်၊ စီးတီးနဲ့ ချဲလ်ဆီးတို့အတွက် သတိပေးသံဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ အသံတွေ ထွက်နေခဲ့တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် အတူတူတွဲဖက်ကစားဖို့ စိတ်အားထက်သန်နေမှုကို မားကပ်စ် ရက်ရှ်ဖို့ဒ်က အင်္ဂလန်ထရိန်နင်မှာ အတူလေ့ကျင့်နေကြပုံနဲ့ ပြသခဲ့ပြီး ညီလေးလို့ အသည်းပုံနဲ့အတူ တွစ်တာမှာ ပို့စ်တင်သွားခဲ့။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဝီလ်ဖရီးဒ် ဇာဟာအနေနဲ့ နည်းပြကြီး ရွိုင်းဟော့ဆန် မရှိတော့အချိန်မှာ အသင်းနဲ့ ဆက်ပြီးလက်တွဲဖို့ထက် ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးကနေ ယူနိုက်တက်တို့ ၂၅ ရာခိုင်နှုန်းအထိ ခံစားခွင့် ရရှိနိုင်မှာဖြစ်ပြီး အိုင်ဗရီကို့စ်သားအတွက် ပေါင်သန်း ၅၀ အထက်မှာ အရောင်းအဝယ်ဖြစ်နိုင်ဖွယ်ရှိနေ။

– အိုးလ်ထရက်ဖို့ဒ်မှာ တစ်ရာသီကစားပြီး ပြန်လည်ထွက်ခွာတော့မယ်လို့ အသံထွက်နေတဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်က သူနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့ကြားမှာ ဆက်ဆံရေးကောင်းရှိပြီး သူ့ကို ယုံကြည်မှုနဲ့ အခွင့်အရေးပေးခဲ့တဲ့ နော်ဝေသားအတွက် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်ဖို့ရှိကြောင်း ပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် ဖီအိုရင်တီးနားဗဟိုနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ချ်ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ဆာဂျီယို ရာမို့စ်၊ ခါလီဒူး ကူလီဘေလီနဲ့ ပေါ်တောရက်စ်တို့ကိုလည်း ဦးစားပေးပစ်မှတ် ရာဖေးလ် ဗာရွန်းရဲ့နောက်မှာ စောင့်ကြည့်နေ။

– ဝက်စ်ဟမ်းအသင်းမှာ ပြသထားတဲ့ ခြေစွမ်းနဲ့ အရေးပါမှုတွေအရ နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ အထိ မြင့်တက်လာနိုင်တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို မခေါ်ယူနိုင်ခဲ့ရင် ယူနိုက်တက်တို့အနေနဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ စပို့တင်းအသင်းဖော်ဟောင်း ဂျာအို ပယ်လင်ညာကို ပေါင် ၃၅ သန်းခန့်နဲ့ ကြိုးစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

Unicode










REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.