Sports

ပေါ်တူဂီအမှတ်ပေးချန်ပီယံ စပို့တင်းလစ်စဘွန်အသင်းမှ ဖာနန်ဒက်ဇ်လက်သစ်လို့တင်စားခံနေရတဲ့ ပေါ်တူဂီကြယ်ပွင့်ကစားသမားကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်

ပေါ်တူဂီအမှတ်ပေးချန်ပီယံ စပို့တင်းလစ်စဘွန်အသင်းမှ ဖာနန်ဒက်ဇ်လက်သစ်လို့တင်စားခံနေရတဲ့ ပေါ်တူဂီကြယ်ပွင့်ကစားသမားကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်း သည် စပို့တင်းလစ်စဘွန်အသင်းမှ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ် ကစားသမား ဂွန်ကယ်ဗက်ကို 52 သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ဂွန်ကယ်ဗက် သည် ဝုဒ်အသင်း ကနေထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက စပို့တင်းလစ်စဘွန်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဂွန်ကယ်ဗက်ဟာ စပို့တင်းလစ်စဘွန်းအသင်းမှာ ခြေစွမ်းပြကစားနေပြီး ပြီးခဲ့တဲ့ရာသီတုန်းက နှစ်ပေါင်း ( 20 ) နီးပါးဝေးကွာနေတဲ့ အမှတ်ပေးဖလားရရှိအောင် ကူညီပေးခဲ့သလို သွင်းဂိုး( 23 ) ဂိုးနဲ့ အမှတ်ပေးပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ဂွန်ကယ်ဗက်ဟာ ကွင်းလယ် တလျောက် အကောင်းဆုံး ကစားနိုင်တဲ့ကစားသမား ဖြစ်တာကြောင့် ကစားသမား ရဲ့ဈေးကွက်ပေါက်ကြေးက 52 သန်းအထိ ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အားနည်းနေတဲ့ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ကစားသမားတွေ ခေါ်ယူဖို့ပြင်ဆင်နေတာကြောင့် ဂွန်ကယ်ဗက်ကို စိတ်ဝင်စားနေတာ တွေ့ရကာ ယူနိုက်တက်အသင်းနဲ့အပြိုင် လီဗာပူး အသင်းက အဆိုပါ ကစားသမားကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

Unicode


