Local News

တောင်သာမြို့နယ်က ကျေးရွာယာခင်းတစ်ခုမှာ နွားကောင်ရေ ၅၀ခန့် မိနစ်ပိုင်းအတွင်း ရုတ်တရက်လဲကျသေဆုံး

တောင်သာမြို့နယ်က ကျေးရွာယာခင်းတစ်ခုမှာ နွားကောင်ရေ ၅၀ခန့် မိနစ်ပိုင်းအတွင်း ရုတ်တရက်လဲကျသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်က ဘု ရားလှကျေးရွာပိုင် ယာခင်းတစ်ခုထဲသို့ ဇွန်လ (၂)ရက်နေ့ နံန က်ပိုင်းလောက်က

နွားကောင်ရေ ၆၀ ခန့်ဟာ ဝင်ရောက်စားခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ နွားကောင်ရေ ၄၇ ခန့်ဟာ လဲကျသေ ဆုံးသွားခဲ့ကြောင်း သတင်းများအရသိရပါတယ်။

ယင်းဖြစ်စဥ်မှာ တောင်သာမြို့နယ် ကဆင့်ကျေးရွာမှ ဦးဝင်းကြိုင်၊ ဦးမင်းအောင် ၊ ဦးစိုးသန်း၊ ဦးကျော်ရွှေ၊ မခိုင်နှင့်ပိုင်ပိုင် ၎င်းတို့ရဲ့ နွားများကိုကျောင်းနေစဥ် အနီးနားရှိ ဘုရားလှကျေး ရွာပိုင် ရိပ်သိမ်းပြီး

ပြောင်းငုတ် အရွက်နုငယ်များထွက်ရှိနေတဲ့ ယာခင်းတစ်ခုထဲသို့ နွားအုပ်စုက ဝင်ရောက်စားသောက်ခဲ့တာကြောင့် ချက်ချင်းအဆိပ်သင့်လျက် လဲကျသေဆုံးခဲ့ပြီး ကျန်တဲ့နွားတွေကိုတော့ ဆေးကုသထားတယ်လို့ သိရပါတယ်။

လဲကျသေဆုံးသွားတဲ့ နွားတွေဟာ ဒေသခံတွေက အစာအဆိပ်သင့်တယ်လို့ ပြောဆိုနေပေမယ့်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးရကြောင်းကို အတည်မပြုနိုင်သေးဘူးလို့ ကြားသိရပါတယ်။

ကံဆင့်ကျေးရွာမှာ နွားကောင်ရေ ထောင်ဂဏန်းနီးပါးရှိပြီး မွေးမြူရေး၊စိုက်ပျိုးရေးနှင့်တိရိစ္ဆာန်များ အငှားကြောင်းခြင်းဖြင့်

အနီးနားကရွာနယ်မြေများသို့ အသက်မွေဝမ်းပြုနေတာဖြ စ်ပြီး အရင်ကလည်း အလားတူဖြစ်စဥ်မျိုးတွေ့ကြုံဖူးတယ်လို့ သိရပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit
Zawgyi

ေတာင္သာၿမိဳ႕နယ္က ေက်း႐ြာယာခင္းတစ္ခုမွာ ႏြားေကာင္ေရ ၅၀ခန႔္ မိနစ္ပိုင္းအတြင္း ႐ုတ္တရက္လဲက်ေသဆုံး

မႏၱေလးတိုင္းေဒသႀကီး၊ ျမင္းၿခံခရိုင္ ေတာင္သာၿမိဳ႕နယ္က ဘု ရားလွေက်း႐ြာပိုင္ ယာခင္းတစ္ခုထဲသို႔ ဇြန္လ (၂)ရက္ေန႕ နံန က္ပိုင္းေလာက္က

ႏြားေကာင္ေရ ၆၀ ခန့္ဟာ ဝင္ေရာက္စားခဲ့ၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ႏြားေကာင္ေရ ၄၇ ခန့္ဟာ လဲက်ေသ ဆုံးသြားခဲ့ေၾကာင္း သတင္းမ်ားအရသိရပါတယ္။

ယင္းျဖစ္စဥ္မွာ ေတာင္သာၿမိဳ႕နယ္ ကဆင့္ေက်း႐ြာမွ ဦးဝင္းႀကိဳင္၊ ဦးမင္းေအာင္ ၊ ဦးစိုးသန္း၊ ဦးေက်ာ္ေ႐ႊ၊ မခိုင္ႏွင့္ပိုင္ပိုင္ ၎တို႔ရဲ႕ ႏြားမ်ားကိုေက်ာင္းေနစဥ္ အနီးနားရွိ ဘုရားလွေက်း ႐ြာပိုင္ ရိပ္သိမ္းၿပီး

ေျပာင္းငုတ္ အ႐ြက္ႏုငယ္မ်ားထြက္ရွိေနတဲ့ ယာခင္းတစ္ခုထဲသို႔ ႏြားအုပ္စုက ဝင္ေရာက္စားေသာက္ခဲ့တာေၾကာင့္ ခ်က္ခ်င္းအဆိပ္သင့္လ်က္ လဲက်ေသဆုံးခဲ့ၿပီး က်န္တဲ့ႏြားေတြကိုေတာ့ ေဆးကုသထားတယ္လို႔ သိရပါတယ္။

လဲက်ေသဆုံးသြားတဲ့ ႏြားေတြဟာ ေဒသခံေတြက အစာအဆိပ္သင့္တယ္လို႔ ေျပာဆိုေနေပမယ့္လည္း မည္သည့္အေၾကာင္းေၾကာင့္ ေသဆုံးရေၾကာင္းကို အတည္မျပဳနိုင္ေသးဘူးလို႔ ၾကားသိရပါတယ္။

ကံဆင့္ေက်း႐ြာမွာ ႏြားေကာင္ေရ ေထာင္ဂဏန္းနီးပါးရွိၿပီး ေမြးျမဴေရး၊စိုက္ပ်ိဳးေရးႏွင့္တိရိစ္ဆာန္မ်ား အငွားေၾကာင္းျခင္းျဖင့္

အနီးနားက႐ြာနယ္ေျမမ်ားသို႔ အသက္ေမြဝမ္းျပဳေနတာျဖ စ္ၿပီး အရင္ကလည္း အလားတူျဖစ္စဥ္မ်ိဳးေတြ႕ႀကဳံဖူးတယ္လို႔ သိရပါတယ္။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႕ေလးကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit