ဘာစီလိုနာအသင်းက ရောင်းထုတ်လာနိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား

ဘာစီလိုနာသည် အသက် ၁၈ နှစ်အရွယ်ရှိ ကွင်းလယ်လူ မိုရီဘာကို ရောင်းထုတ်ရန်ရှိပြီး မန်ယူ၊ မန်စီးတီးနှင့် ချဲလ်ဆီးအသင်းတို့က ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည်။ အသက် ၁၈ နှစ်အရွယ်ရှိ မိုရီဘာသည် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ငွေကြေးကျပ်တည်းနေသော ဘာစီလိုနာအသင်းသည် မိုရီဘာ တောင်းဆိုသော ကမ်းလှမ်းမှုမျိုး ပြုလုပ်နိုင်ခြင်းမရှိချေ။ စပိန်မီဒီယာအချို့က မန်ယူအသင်းသည် ပြီးခဲ့သည့် မတ်လကတည်းက တိကျသည့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားကြောင်း ဖော်ပြသည်။

ww

ဘာစီလိုနာအသင်းက မိုရီဘာ၏ တောင်းဆိုမှုကို လျှော့ချရန် ဆွေးနွေးသော်လည်း မအောင်မြင်ခဲ့ပါက ယခုနှစ်နွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိသည်။ မိုရီဘာသည် အသက် ၇ နှစ်ကတည်းက ဘာစီလိုနာအသင်း၏ လူငယ်အကယ်ဒမီ လာမာစီယာတွင် စတင်ပါဝင်လာခဲ့ခြင်းဖြစ်သည်။ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၆ သန်းဟု သတ်မှတ်ထားသော မိုရီဘာသည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းအတွက် ၁၈ ကြိမ် ပါဝင်ကစားထားပြီး ပီအက်စ်ဂျီကို ရှုံးနိမ့်သည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် အရန်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။ မိုရီဘာကို ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကလည်း စိတ်ဝင်စားနေသည်။

Credit – innar journal