Sports

ယူနိုက်တက်ကစားသမား နှစ်ယောက်အထိပါ၀င်တဲ့ ပရီးမီးယားလိဒ်အကောင်းဆုံး လူစာရင်း

PFAက ထုတ်ပြန်တဲ့ 2020-21ရယ့် ပရီးမီးယားလိဒ်ရယ့် အကောင်းဆုံးလူစာရင်းမှာ ယူနိုက်တက်ကစားသမားနှစ်ဦးထိပါ၀င်ခဲ့ပါတယ်။ ပထမတစ်ယောက်အနေနဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားနေတဲ့ လုခ်ရှောဖြစ်ပါတယ်။ လုခ်ရှောအနေနဲ့ 32ပွဲမှာ သွင်းဂိုးတစ်ဂိုး ဂိုးဖန်တီးမှုငါးကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ လုခ်ရှောဟာ နောက်တန်းတွင်သာမက ရှေ့တန်းကိုပါ အထောက်အကူပြုတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ရယ့် အဓိက ကစားသမားဖြစ်တဲ့ လုခ်ရှောဟာ PFAက ထုတ်ပြန်တဲ့စရင်း နှစ်ကြိမ်ထိပါ၀င်ခဲ့သူလည်း ဖြစ်ခဲ့ပါပြီ။

ဒုတိယတစ်ဦးကတော့ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်တဲ့ ဘရူနိုဖြစ်ပါတယ်။ ဘရူနိုဟာ ယူနိုက်တက်ကို ဒုတိယ နေရာရဖို့ စွမ်းဆောင်‌ပေးခဲ့သူဖြစ်ပါတယ်။
ယခုနှစ်အတွက် ပရီးမီးယားလိဒ်အကောင်းဆုံးလူစာရင်း11ယောက်ဟာ မန်စီးတီးဂိုးသမား အန်ဒါဆန်၊ နောက်တန်းမှာ ကန်ဆယ်လို(မန်စီးတီး) ၊ ဂျွန်စတုံး(မန်စီးတီး) ၊ ရူဘင်ဒိုင်စ်(မန်စီးတီး) ၊ လုခ်ရှော(ယူနိုက်တက်) အလယ်တန်းမှာ ဒီဘရိုင်း(မန်စီးတီး) ၊ ဂန်ဒိုဂန်(မန်စီးတီး) ၊ ဘရူနို(ယူနိုက်တက်)ရှေ့တန်းမှာတော့ ဆာလက်ရှ် ( လီပါပူးလ်) ၊ ဟယ်ရီကိန်း(စပါး) ၊ ဆွမ်ယောင်မင်(စပါး)တို့ဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source