Sports

ပေါ်တူဂီမှာ ကျောနံပါတ် 11 ကို ၀တ်ဆင်သွားမယ့် ယူနိုက်တက် ကြယ်ပွင့်

ယူနိုက်တက်ပရိတ်သတ်တွေရယ့် အချစ်တော် ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ကျောနံပါတ် 11ကို ၀တ်ဆင်လာတာတွေ့ရပါတယ်။ ညက ယှဉ်ပြိုင်သွားတဲ့ စပိန်နဲ့ပွဲ့မှာ 59မိနစ်မှာ အိုလီဗီယာနဲ့ လူစားလဲ ကာ ပါ၀င်ခဲ့ပါတယ်။ မနေ့က ပွဲကောင်းဖြစ်ပေမယ့် သရေနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ဘရူနိုဟာ ပေါ်တူဂီမှာ U19 U20 U21 စတဲ့ အသင်းတွေမှာကန်ခဲ့ရပြီး အသင်းခေါင်းဆောင် လည်း လုပ်ခဲ့ရဖူးပါတယ်။ အခု လက်ရွေးစင်အသင်းကြီးမှာ ကျောနံပါတ် 11ကို ရရှိခဲ့ပါတယ်။

ဘရူနိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို 2017မှာ ပူးပေါင်းခဲ့ပြီး 2016 ယူရို ဗိုလ်ဆွဲတုံးက ပါ၀င်ခဲ့ခြင်းမရှိပါဘူး။ အစောပိုင်းမှာလည်း ပေါ်တူဂီမှာ ကျောနံပါတ်16သာ ၀တ်ဆင်ခဲ့ရပါတယ်။ ဘရူနိုတစ်ယောက် ခြေစွမ်းတွေကောင်းတွေနဲ့အတူ ပေါ်တူဂီမှာ ဘာတွေလုပ်ပြမလဲ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source