Local News

ကယ်ဆယ်မှုတွေနဲ့ကြုံတွေ့လာရင် ကူညီနိုင်ရန် အသင်းသားတွေကို ကြိုတင်လေ့ကျင့်မှုတွေ သင်ကြားပေးနေတဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လိုအပ်နေတဲ့ နေရာတွေမှာ လိုက်လံကူညီ လှူဒါန်းပေးနေတဲ့ ပရဟိတ မင်းသားကြီး တစ်ယောက်ပါ ။ ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ အကူညီတွေကြောင့် ခက်ခဲနေတဲ့ ဘဝတွေ အဆင်ပြေသွားခဲ့တာလည်း မနည်းပါဘူးနော် ။ မင်းသားတစ်ယောက်ဆိုတဲ့ မာန်မာနမရှိဘဲ နေရာအစုံကို ကိုယ်တိုင်သွားရောက်ကာ နေ့စဉ်မနားတမ်း ကူညီလုပ်ဆောင်ပေးနေတာကြောင့် ပြည်သူပရိသတ်တွေက လေးစားအားကျနေတာပါ။

ဒီလိုကာလမှာဆိုရင် အကြောင်း အမျိုးမျိုးကြောင့် အကူအညီ လိုအပ်နေသူတွေလည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စားဝတ်နေရေး အမှန်တကယ် ကြပ်တည်းနေတဲ့ လက်လုပ်လက်စား ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေဆီကိုလည်း အလှူရှင်တွေကိုယ်စား သွားရောက်ကာ ဆန် ၊ ဆီ အပါအဝင် လိုအပ်တဲ့ အခြား စားနပ်ရိက္ခာများ သွား​ရောက်လှူဒါန်းပေးခဲ့တာကိုတွေ့မြင်ရပါတယ်။ 

ဒီနေ့မှာတော့ သူအပါအဝင် အသင်းသားတွေကိုပါ ရုတ်တရက် ကယ်ဆယ်မှုတွေနဲ့ ကြုံတွေ့လာရင် ကူညီလုပ်ကိုင်ပေးနိုင်ရန် ကြိုတင်လေ့ကျင့် သင်ကြားမှုတွေ ပြုလုပ်ပေးနေကြောင်း ပုံလေးတွေနဲ့အတူ ” ကူညီကယ်ဆယ်မှု့တွေ အတွက် လိုအပ်လာပါက  ကူညီမှုတွေ လုပ်ပေးနိုင်ရန် ပြန်လည် လေ့ကျင့် သင်ကြားပေးနေကြောင်း”  ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့  ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Wai Lu Kyaw