ယူနိုက်တက်ကနေ ထွက်ခွာရတော့မယ့် မေ့လျော့ခံ အာဂျစ်တီးနားသားကြီး

“ကျွန်တော်အတွက် ယူနိုက်တက်မှာ အရန်ဂိုးသမားဖြစ်ရတာကိုက ဂုဏ်အယူရဆုံးပါ” ဆိုတဲ့ စကားဟာ ယူနိုက်တက်ပရိတ်သတ်တွေရယ့် ရင်ထဲကို ထိစေခဲ့ပါတယ်။ ထိုစကားကတော့ ရိုမဲရိုးတစ်ယောက် ရင်ထဲက လာတဲ့စကားသံတွေဘဲဖြစ်ပါတယ်။ ယူနိုက်တက်ကို ချစ်မြတ်နိုးပြီး တစ်ပွဲလောက်ဖမ်းရတာနဲ့ တင် ပျော်ရွင်နေတတ်တဲ့ အာဂျင်တီးနားသားကြီးပါ။

ရိုးမဲရိုးဟာ နည်းပြဆိုးရှားလ် လက်ထက်မှာ ဟန်ဒါဆန် ရောက်ရှိလာပြီး အပယ်ခံဘ၀ကို ရောက်ရှိခဲ့ပါတယ်။ မနှစ်က ရာသီမှာ အသင်းမှာ ရှိပေမယ့် လူစာရင်းမှာ ထည့်သွင်းခြင်းမခံခဲ့ရပါဘူး။ ထို့ကြောင့် ဂ်ိုးသမား ရိုမဲရိုးက ယူနိုက်တက်နှင့်စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းမှတရားဝင်ထွက်ခွာခဲ့ပြီးဖြစ်ကြောင်း တရား၀င် ကြေငြာခဲ့ပါတယ်။

ရိုမဲရိုးဟာ 2015မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ ‌ငါးနှစ်ကြော် ယူနိုက်တက်နှင့်အတူရှိခဲ့ပြီးယူနိုက်တက်နှင့်အတူကစားခဲ့သည့်ပွဲ (61)ပွဲ ရှိပြီး
ပေးဂိုး -(27)ဂိုး သာ ပေးထားရပါတယ်။ Clean Sheet ဟာ (39)ပွဲ ထိရှိခဲ့ပါတယ်။ သရဲနီစိတ်ဓာတ်အပြည့်ရှိတဲ့ အသင်းကိုချစ်တဲ့ ရိုမဲရိုးတစ်ယောက် အသင်းသစ်မှာ ပွဲထွက်ခွင့်ရပြီး ဆုဖလားတွေ အောင်မြင်မှုတွေ ရနိုင်မလား စောင့်ကြည့် အားပေးရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source