Celebrity

သူ့အတွက် ဝတ်ဖို့ အင်္ကျီ (၁၀) ထည်ပဲချန်ကာ ကျန်တာအကုန်လုံးကို စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းမယ့် ခင်သဇင်

ခင်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာကိုလည်း ရိုက်ကူးထားသူ ဖြစ်ပါတယ်။ဖေဖော်ဝါရီလက စတင်ပြီး နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ခင်သဇင်က ပြည်သူတွေဘက်ကနေ ရပ်တည်ပေးကာ သူမတတ်နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခင်သဇင်က ပရိသတ်တွေအတွက် ခွန်အားဖြစ်စေမယ့် စာလေးတွေကိုလည်း မကြာခဏ ရေးတင်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ရပ်တည်ချက်ကိုလည်း ပွင့်လင်းစွာပြောလေ့ရှိသူလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူရဲ့ အဝတ်အစားတွေ အကုန်ကို စစ်ဘေးရှောင်ပြည်သူတွေအား လှူဒါန်းမယ့် အကြောင်းလေးကို အသိပေးရေးသားဝေမျှလာပါတယ် ။

” ဇင့် အဝတ်တွေအကုန်ကို  စစ်ဘေးရှောင် ဒုက္ခရောက်ပြည်သူတွေကို လှူပါမယ်…အဝတ်တွေက ဒါတောင် နှစ်တိုင်း မိဘမဲ့ ဂေယာတွေကို လှူနေကြပါ အခုတော့ ကိုယ့် ဆီမှာ အထည်လေး ၁၀ ဂဏန်းပဲထားခဲ့ ပြီး ရှိသမျှ အကုန်လှူမှာပါ တချို့ ဒီဇိုင်းတွေကြောင့် ဘယ်လို လှူရ ရောင်းရမှန်း မသိလို့ ဝန်ထမ်းလည်း ခေါင်းတွေ မူးနေပါပြီ  ဘယ်ဟာကို ရောင်းပြီး လှူရမယ် ဘယ်ဟာကို တိုက်ရိုက်လှူရမယ် ဆိုတာလည်း မသိတော့ပါဘူးဒုက္ခရောက်ပြည်သူတွေ ဆီ တိုက်ရိုက် ရောက်နိုင်မယ့် နေရာကို လှူပါမယ်..အလှူခံချင်တဲ့ သူတွေ နီးစပ်ရာကနေ လက်တို့ပါနော်..ပြည်သူတွေ ကျန်းမာ ချမ်းသာ ဘေးကင်းကြပါစေရှင် ” ဆိုပြီးဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khin Thazin