Sports

လာမယ့်ရာသီ ယူနိုက်တက် ဝတ်ဆင်မယ့် အိမ်ကွင်း ၊ အဝေးကွင်း ဂျာစီများ

လာမယ့် ( ၂၀၂၀ / ၂၁ ) ရာသီမှာ မန်ချက်စတာ ယူနိုက်တက် ဝတ်ဆင်မယ့်

အိမ်ကွင်း ၊ အဝေးကွင်း ဂျာစီတွေ အွန်လိုင်းပါ်မှာ ပေါက်ကြားခဲ့ပါတယ်။

Footy Headlines ကနေပြီး လာမယ့်ရာသီ ယူနိုက်တက် ဝတ်ဆင်မယ့်

အင်္ကျီတွေရဲ့ ပုံရိပ်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

အဆိုပါ အင်္ကျီတွေကို ထုံးစံအတိုင်း Adidas ကနေ ထုတ်လုပ်မှာဖြစ်ပြီး

တစ်နှစ် ပေါင် ( ၆၄ ) သန်း တန်ဖိုးရှိတဲ့ Chevrolet နဲ့ ကမ္ဘာ့စံချိန်တင်

သဘောတူညီမှုက သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် လာမယ့်

ရာသီမှာတော့ တစ်နှစ် ‌ေပါင် ( ၄၇ ) သန်း တန်ဖိုးရှိ ဂျာမာန် ကုမ္ပဏီ

Team Viewer ကနေ အင်္ကျီတေွကို စပွန်ဆာပေးသွားမှာ ဖြစ်ပါတယ်။

Kohler အမှတ်တံဆိပ်က အင်္ကျီလက်မောင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး

ဂျာစီအသစ်တွေက ရိုးရှင်းပြီး ခေတ်ဆန်နေတာ တွေ့ရပါတယ်။

အိမ်ကွင်း ဝတ်စုံမှာတော့ ယခင်ကအတိုင်း အနီရောင် (real red ) နှင့်

အဖြူရောင် (off-white ) တို့ကို အသုံးပြုထားပါတယ်။

အဝေးကွင်း ဝတ်စုံကတော့ ယူနိုက်တက် ပရိသတ်တွေကို စိတ်ကျေနပ်စေပါလိမ့်မယ်။

Footy Headlines ရဲ့ အဆိုအရ အဆိုပါ အင်္ကျီဟာ အသင်းရဲ့ ( ၁၉၉၁-၁၉၉၃ )

အဝေးကွင်းဝတ်စုံကို မှီငြမ်းပုံဖော်ထားတယ်လို့ သိရပြီး အပြာနုရောင်

(geometric blue pattern ) ကို အသုံးပြုထားပါတယ်။

Crd