Sports

ယူနိုက်တက်နှင့်အတူ ရှိနေအုံးမယ့် စပိန်သားကြီး မာတာ

ယူနိုက်တက်အသင်းရယ့် အကောင်းဆုံးကစားသမား ထဲက တစ်ဦးဖြစ်တဲ့ မာတာဟာ ယူနိုက်တက်နှင့် စာချုပ်ချုပ်ဆိုဖို့ဆွေးနွေးလျက်ရှိပြီး အသင်းမှာ ဆက်လက်ရှိနေအုံးမှာပါ။ နံပါတ်8ကို ၀တ်ဆင်ထားပြီး အိုထရတ်ဖို့ဒ်မှာ သူ့ရယ့် စွမ်းဆောင်မှုတွေနဲ့ အရေးကြီးတဲ့ ဂိုးတွေ အရေးကြီးတဲ့ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးတဲ့ ကစားသမားကြီးပါ။

မာတာဟာ 2014ခုနှစ်မှာ နည်းပြ မောရင်ညိုက ချဲလ်ဆိီးကနေခေါ်ယူခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေရှိနေပြီးသား ကစားသမားဖြစ်တာနဲ့ အညီ အသင်းအသားကျဖို့ သူ့အတွက်မခက်ခဲပါ့ဘူး။ သူ့ရယ့်ကစားဟန်ဟာ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ယူန်ိုက်တက်နှင့်အတူ 273ပွဲအထိ ကစားထားပြီး 51 ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု 47ကြိမ်အထိ ရှိခဲ့ပါတယ်။

ယခုရာသီမှာလည်း ယူနိုက်တက်အသင်းနဲ့အတူ သူ့ရယ့် သွင်းဂိုးငါးဆယ်ပြည့်ကို ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့တာဘဲဖြစ်ပါတယ်။ စက်တင်ဘာလ ရယ့် အကောင်းဆုံး ယူနိုက်တက်ကစားသမားဆုကိုလည်း ရရှိထားပါတယ်။ ကွင်းလယ်မှာလည်း ခြေစွမ်းပြပြီး တောင်ပံတွေမှာလည်း အသက်နှင့်မလိုက် ဆော့ကစားပြနိုင်တဲ့ မာတာတစ်ယောက် ယူနိုက်တက်မှာ ဆက်လက်မြင်တွေရဖို့ ရှိနေအုံးမှာပါ။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source