Sports

အာမက်ဒီယာလိုအတွက် နှစ်ရှည်စီမံကိန်းကို ချပြလိုက်တဲ့ မန်ယူနိုက်တဒ်

မန္ယူႏိုက္တဒ္ ရဲ႕ ယူ႐ိုသန္း(၄၀) တန္ အရည္အေသြးျမင့္ လူငယ္ ကစားသမား အာမက္ဒီယာလို အတြက္ ဆိုးလ္ရွား ဟာ ေမွ်ာ္လင့္ခ်က္ ႀကီးမား စြာ ရွိေနၿပီး သူ႔အေနနဲ႔ အိုင္ဗရီကိုစ့္သားကို အငွားခ်တာမ်ိဳး ျပဳလုပ္မွာမဟုတ္ဘူးလို႔ ရွင္းလင္းစြာ တင္ျပခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။ အာမက္ကို အငွားေခၚယူလိုတဲ့ အသင္းမ်ားစြာ ရွိေနၿပီး ပရီးမီးယားလိဂ္မွာသာမက အီတလီ၊စပိန္၊ဂ်ာမန္ ကလပ္ ေတြက (၁၉) ႏွစ္သားကို ရာသီျပည့္ အငွားစာခ်ဳပ္နဲ႔ေခၚယူဖို႔အလိုရွိေနပါတယ္။ အာမက္ ရဲ႕ပထမဦးဆုံးရာသီဟာ ရာသီဝက္သာ ရွိခဲ့သလို လူငယ္ အသင္းမွာသာအခ်ိန္အမ်ားစု ရွိခဲ့ေပမယ့္လည္း ဥေရာပအသင္းႀကီးေတြကေတာ့ မ်က္စိက်ေနတာေၾကာင့္လည္း ဆိုးလ္ရွား က ေက်ာနံပတ္(၁၉) ပိုင္ရွင္သစ္ ကို ကာရင္တန္မွာပဲ ဆက္လက္ ေမြးျမဴလိုတာပါ။

အာမက္ ဟာ အက္တလန္ မွာ ရွိစဥ္ထဲက ဥေရာပအသင္းႀကီးေတြအၿပိဳင္စိတ္ဝင္စားျခင္းကို ခံရသူျဖစ္ၿပီး ယူႏိုက္တဒ္ကေၾကးႀကီးေပးကာလက္ဥိးမႈ႕ရယူခဲ့လို႔သာ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အီတလီမွာ လူငယ္ ကစားသမားဘဝကိုစတင္တာ ျဖစ္ေပမယ့္ အာမက္ ဟာ အိုဗရီကိုစ့္ သားတစ္ေယာက္ျဖစ္ၿပီးငယ္႐ြယ္စဥ္မွာ အီတလီ ကို ဥပေဒမဲ့ေခၚယူလာျခင္းခံရသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ထိုသို႔ေခၚယူလာသူ ရဲ႕နာမည္ျဖစ္တဲ့ ထရာအိုေရး ကို အာမက္ က အသုံးျပဳျခင္းမရွိပဲ အာမက္ဒီယာလို ထရာအိုေရး အစား အာမက္ဒီယာလို လို႔သာအသုံးျပဳျခင္း ျဖစ္ပါတယ္။အာမက္ အေနနဲ႔ အီတလိီ ကေန မန္ခ်က္စတာကိုေတာ့ ေအာင္ျမင္မႈ႕ေတြဆာေလာင္ေနတဲ့ နတ္ဆိုးေပါက္စအျဖစ္ ေျပာင္းေ႐ႊ႕လာတာျဖစ္ၿပီး သူ႔ရဲ႕မိခင္ ျဖစ္သူအတြက္ ဂုဏ္ယူေစခဲ့တယ္လို႔ အာမက္ ကိုယ္တိုင္က ဖြင့္ဟခဲ့ဖူးပါေသးတယ္။

အာမက္ကို ေဒါ့မြန္အသင္းကလည္းအလိုရွိေနၿပီး ေဂ်ဒန္ဆန္ခ်ိဳ ကို မန္ယူႏိုက္တဒ္ထံ ေရာင္းခ်ခဲ့ရင္ အာမက္ ကို အငွားခ်ေပးတာမ်ိဳးျပဳလုပ္ဖို႔ အလိုရွိေနပါေသးတယ္။သို႔ေသာ္လည္း ဆိုးလ္ရွားကေတာ့ အာမက္ ကို ဆန္ခ်ိဳ နဲ႔သာတြဲဖက္ေစၿပီး ယူႏိုက္တဒ္ အသင္းႀကီးမွာ ပြဲထြက္ခြင့္တိုက္ပြဲဝင္ေစလိုကာ အေတြ႕ႀကဳံေတြသင္ယူလိုေစေနပါတယ္။

အာမက္နာ္းတူ ယူ႐ို(၁၀)သန္းနဲ႔ေခၚယူထားတဲ့ ပက္လက္စထရီ ကိုေတာ့ ၿပီးခဲ့တဲ့ေဆာင္းရာသီက လာလီဂါထံအငွားခ်ခဲ့ၿပီး ယခုရာသီမွာလည္း ထပ္မံအငွားခ်မယ္လို႔ သိရပါတယ္။အာမက္ ကေတာ့ ယူႏိုက္တဒ္ အတြက္ တိုက္႐ိုက္အသုံးျပဳႏိုင္မယ္လို႔ ယူဆထားသလို U23 အတြက္လည္း ဝွက္ဖဲတစ္ခ်ပ္ ျဖစ္လာမယ္လို႔ တြက္ဆထားတာေၾကာင့္ အသင္းႀကီးမွာပဲ ဆက္ထားမယ္လို႔ဆုံးျဖတ္ထားၾကပါတယ္။

unicode

မန်ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၄၀) တန် အရည်အသွေးမြင့် လူငယ် ကစားသမား အာမက်ဒီယာလို အတွက် ဆိုးလ်ရှား ဟာ မျှော်လင့်ချက် ကြီးမား စွာ ရှိနေပြီး သူ့အနေနဲ့ အိုင်ဗရီကိုစ့်သားကို အငှားချတာမျိုး ပြုလုပ်မှာမဟုတ်ဘူးလို့ ရှင်းလင်းစွာ တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အာမက်ကို အငှားခေါ်ယူလိုတဲ့ အသင်းများစွာ ရှိနေပြီး ပရီးမီးယားလိဂ်မှာသာမက အီတလီ၊စပိန်၊ဂျာမန် ကလပ် တွေက (၁၉) နှစ်သားကို ရာသီပြည့် အငှားစာချုပ်နဲ့ခေါ်ယူဖို့အလိုရှိနေပါတယ်။ အာမက် ရဲ့ပထမဦးဆုံးရာသီဟာ ရာသီဝက်သာ ရှိခဲ့သလို လူငယ် အသင်းမှာသာအချိန်အများစု ရှိခဲ့ပေမယ့်လည်း ဥရောပအသင်းကြီးတွေကတော့ မျက်စိကျနေတာကြောင့်လည်း ဆိုးလ်ရှား က ကျောနံပတ်(၁၉) ပိုင်ရှင်သစ် ကို ကာရင်တန်မှာပဲ ဆက်လက် မွေးမြူလိုတာပါ။

အာမက် ဟာ အက်တလန် မှာ ရှိစဉ်ထဲက ဥရောပအသင်းကြီးတွေအပြိုင်စိတ်ဝင်စားခြင်းကို ခံရသူဖြစ်ပြီး ယူနိုက်တဒ်ကကြေးကြီးပေးကာလက်ဥိးမှု့ရယူခဲ့လို့သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီမှာ လူငယ် ကစားသမားဘဝကိုစတင်တာ ဖြစ်ပေမယ့် အာမက် ဟာ အိုဗရီကိုစ့် သားတစ်ယောက်ဖြစ်ပြီးငယ်ရွယ်စဉ်မှာ အီတလီ ကို ဥပဒေမဲ့ခေါ်ယူလာခြင်းခံရသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုသို့ခေါ်ယူလာသူ ရဲ့နာမည်ဖြစ်တဲ့ ထရာအိုရေး ကို အာမက် က အသုံးပြုခြင်းမရှိပဲ အာမက်ဒီယာလို ထရာအိုရေး အစား အာမက်ဒီယာလို လို့သာအသုံးပြုခြင်း ဖြစ်ပါတယ်။အာမက် အနေနဲ့ အီတလီ ကနေ မန်ချက်စတာကိုတော့ အောင်မြင်မှု့တွေဆာလောင်နေတဲ့ နတ်ဆိုးပေါက်စအဖြစ် ပြောင်းရွှေ့လာတာဖြစ်ပြီး သူ့ရဲ့မိခင် ဖြစ်သူအတွက် ဂုဏ်ယူစေခဲ့တယ်လို့ အာမက် ကိုယ်တိုင်က ဖွင့်ဟခဲ့ဖူးပါသေးတယ်။

အာမက်ကို ဒေါ့မွန်အသင်းကလည်းအလိုရှိနေပြီး ဂျေဒန်ဆန်ချို ကို မန်ယူနိုက်တဒ်ထံ ရောင်းချခဲ့ရင် အာမက် ကို အငှားချပေးတာမျိုးပြုလုပ်ဖို့ အလိုရှိနေပါသေးတယ်။သို့သော်လည်း ဆိုးလ်ရှားကတော့ အာမက် ကို ဆန်ချို နဲ့သာတွဲဖက်စေပြီး ယူနိုက်တဒ် အသင်းကြီးမှာ ပွဲထွက်ခွင့်တိုက်ပွဲဝင်စေလိုကာ အတွေ့ကြုံတွေသင်ယူလိုစေနေပါတယ်။

အာမက်နာ်းတူ ယူရို(၁၀)သန်းနဲ့ခေါ်ယူထားတဲ့ ပက်လက်စထရီ ကိုတော့ ပြီးခဲ့တဲ့ဆောင်းရာသီက လာလီဂါထံအငှားချခဲ့ပြီး ယခုရာသီမှာလည်း ထပ်မံအငှားချမယ်လို့ သိရပါတယ်။အာမက် ကတော့ ယူနိုက်တဒ် အတွက် တိုက်ရိုက်အသုံးပြုနိုင်မယ်လို့ ယူဆထားသလို U23 အတွက်လည်း ဝှက်ဖဲတစ်ချပ် ဖြစ်လာမယ်လို့ တွက်ဆထားတာကြောင့် အသင်းကြီးမှာပဲ ဆက်ထားမယ်လို့ဆုံးဖြတ်ထားကြပါတယ်။

Credit