Sports

နိုင်ငံအသင်းအတွက် အနိုင်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် ဒီယာလို

ယူနိုက်တက်ကို ဇန်နဝါရီလက ရောက်ရှိခဲ့တဲ့ အာမတ်ဒီယာလိုဟာ သူ့ရယ့် နိုင်ငံအသင်းဖြစ်တဲ့ အိုက်ဗရစ်ကိုစ်အသင်းမှာ လက်ရွေစင်ကစားသမားအဖြစ် ရွေးချယ်ခြင်းခံရပါတယ်။ ဒီယာလိုအနေနဲ့ ယူနိုက်တက် U21အသင်းမှာ ခြေစွမ်းတွေပြလေ့ရှိပြီး နည်းပြဆိုးရှားကနေ ရန်ဖန်ရန်ခါ အသင်းကြီး လူစာရင်းမှာလည်းထည့်သွင်းလေ့ရှိပါတယ်။

မနေ့က ယှဉ်ပြိုင်သွားတဲ့အိုက်ဗရစ်ကို့စ်အသင်းနှင့် ဘာကီနာဖာဆိုအသင်းတို့ ပွဲစဥ်တွင် ယူနိုက်တက် တောင်ပံကစားသမား ဒီယာလိုက ပွဲကစားချိန် (63) မိနစ်၌လူစားဝင်ကစားပြီး အိုက်ဗရစ်ကို့အတွက် အနိုင်သွင်းဂိုးကို (90+7′) မိနစ်တွင်သွင်းယူနိုင်ခဲ့သည်ဟုသိရသည်။ ဒီယာလိုဟာ ကောင်းမွန်သေသပ်တဲ့ ဖရီးကစ်ဖြင့် ဂိုးကို အရယူပေးခဲ့ပါတယ်။ ဒီယာလိုရယ့်သွင်းဂိုးကြောင့် အိုက်ဗရစ်ကိုစ်အသင်းဟာ ၂ဂိုး တစ်ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

နိုင်ငံအသင်းမှာ ခြေစွမ်းတွေပြနေတဲ့ ဒီယာလိုတစ်ယောက် ယူနိုက်တက်ကို ပြန်ရောက်လျှင် ခြေစွမ်းကောင်းတွေ ဘယ်လိုဆက်ပြမလဲဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source