Local News

အာဆီယံ ဆိုတာ တရုတ် တပည့်လား

တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာ ပါးစပ်ကပြောနေပေမဲ့ တွေ့ဆုံဆွေးနွေးရမယ့် အဓိကကျသူတွေကို လွှတ်ပေးဖို့ကိုတော့ အာဆီယံအဖွဲ့က တောင်းဆိုမထားပါဘူး။ ခပ်ရှင်းရှင်းဆိုရရင် ရှေ့နောက်ညီညွတ်မှု မရှိပါဘူး။ အာဆီယံဟာ နဂိုကတည်းက သိပ်လည်းဂုဏ်သိက္ခာ သြဇာကြီးတဲ့ ဒေသတွင်းအဖွဲ့အစည်းတစ်ခု မဟုတ်တဲ့အပြင် အခု မြန်မာ့အရေးကိစ္စမှာဆို ပိုလို့တောင် ဒေသတွင်းနိုင်ငံအသီးသီးက ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အဖွဲ့အစည်းဖြစ်မှန်း ပေါ်လွင်သွားပါတယ်။ အာဆီယံစုဖွဲ့မှုဟာ အာဏာရှင်စနစ် အားကောင်းဖို့အတွက် တစ်ဖက်တလမ်း အထောက်အကူ ပြုနေတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်နေတဲ့ပုံပါ။

အခု ဒီဆောင်းပါးရေချိန် မတိုင်ခင်လေးတင် အာဆီယံကိုယ်စားလှယ်အဖွဲ့က မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ဘာတွေပြောတယ်၊ သဘောတူတယ်၊ မတူဘူး ဆိုတာတွေက မရေမရာပါပဲ။ နိုင်ငံတကာက ဝိုင်းဖိအားပေးလွန်းလို့ သီတင်းငါးပတ်လောက်ကြာမှ မနေသာလို့ လာတာထက် သိပ်ပိုပုံမရပါဘူး။

Credit