Sports

တိုက်စစ်ကို အားဖြည့်ဖို့ ဟယ်ရီကိန်းကို ခေါ်ယူမယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းရယ့် နည်းပြဆိုးရှားလ် ကတော့ ယူနိုက်တက်ရယ့်တိုက်စစ်မှာ ဂိုးတွေသွင်းဖို့ တိုက်စစ်မှူးတွေ၀ယ်ပြီး အင်အားဖြည့်မယ့်လို အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။ နည်းပြ ဆိုးရှားလ်အနေနဲ့ သူ့ရယ့် လူခေါ်စွမ်းရည်က အကောင်းဘက်မှာ ပြသနေပြီး ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားမှာ ဒုတိယနေရာ ရရှိခဲ့ပါတယ်။

နည်းပြဆိုးရှားလ်အနေနဲ့ ကာဗာနီ ရှိပေမယ့် သူ့ရယ့် ဒဏ်ရာအခြေအနေတွေအရ တိုက်စစ်ကို ဆက်လက် အင်အားဖြည့်ဖို့ ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ထို့ကြောင့် စပါးအသင်းကနေ တိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူရန် စိတ်၀င်စားနေတာလည်ဖြစ်ပါတယ်။ ဟယ်ရီကိန်းမှာ လက်ရှိအခြေအနေမှာ အသက် ၂၇ နှစ်သာရှိသေးပြီး အသက်ကြီးနေတဲ့ ကာဗာနီ ထက်စာရင် အသင်းအတွက် နှစ်ရှည်အကျိုးပြုဖို့ မျှော်လင့်လို့ရပါတယ်။

ဟယ်ရီကိန်းရယ့် ခြေစွမ်းဟာ ပြောစရာလုံး၀မရှိအောင် အခုချိန်မှာ ကောင်းမွန်နေပြီး စပါးအတွက် ယခုရာသီမှာ ပရီးမီးယားလိဒ် တစ်ခုထဲမှာတင် ၃၅ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁၄ကြိမ်အထိရှိပါတယ်။ ယူနိုက်တက်နှင့်အတူ မန်စီးတီးလည်း ဟယ်ရီကိန်းကို ခေါ်ယူဖို့ သတင်းတွေထွက်နေပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းအတွက် အကျိုးပြုမယ့် ကစားသမားကောင်းတစ်ယောက် ခေါ်ယူနိုင်မလား ပရိတ်သတ်တွေ အံ့ဩသွားအောင် ဘယ်လိုခေါ်ယူမှုတွေ ရှ်ိလာမလဲ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source