Sports

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်နိုင်ဖို့ ယူနိုက်တက်ရဲ့ အဓိက ကစားသမား (၃) ဦးကိုရွေးချယ်ပေးလိုက်တဲ့ ဂန္တဝင်ကြီး ဝိန်းရွန်းနီ



.



Unicode

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်နိုင်ဖို့ ယူနိုက်တက်ရဲ့ အဓိက ကစားသမား (၃) ဦးကိုရွေးချယ်ပေးလိုက်တဲ့ ဂန္တဝင်ကြီး ဝိန်းရွန်းနီ
အသင်းအပေါ် မင်းလောက် ချစ်တက် ကြိုးစားတက် အနစ်နာခံတက်တဲ့ ကစားသမား ရနိုင်ပါအုံးမလားကွာ…

မန်ချက်စတာယူနိက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရပေမယ့် အဆိုးထဲမှ အကောင်းရှိသေးတယ်ဆိုတာကို
ဝိန်းရွန်းနီရဲ့ ယခုလို အားပေးစကားတချို့ရှိသေးတယ်ဆိုတာ ဖန်တွေသိပါစေနော်….
မန်ချက်စတာယူနိက်တက် ဟာ နည်းပြဆိုးရှားလ်ရဲ့ ဗျူဟာမြောက်သော ကစားကွက်နှင့် နိုင်လိုစိတ်ပြင်းပြပြီး အောင်မြင်မှုဆောင်လောင်သော
Key Player များကြောင့် ပွဲတိုင်း ကွင်းလယ်မှာ ကြီးစိုးကာ ယခုနေရာကို ရောက်လာကြောင်းကို ယူနိက်တက် ကစားသမားဟောင်းများက မှတ်ချက်ပေးထားခဲ့ကြပါတယ်…

ယခုအခါမှာတော့ မန်ချက်စတာယူနိက်တက် ဂန္တဝင်ကစားသမား ကြီး ဝိန်းရွန်းနီက Key Player သုံးဦးကို MEN News Live မှာ ရွေးချယ်ပေးခဲ့ပါတယ်…
ဝိန်းရွန်းနီ က ” ဒီနေရာကို ထိုက်တန်တဲ့လူကို ရွေးချယ်ပေးရတာ ကျနော့်အတွက် အင်မတန်ခက်ခဲပါတယ်..
ယူနိက်တက်ပွဲတိုင်း ကျနော် အမြဲအားပေးပြီး ကြည့်ဖြစ်ပါတယ်…ဒီနေရာကို လက်ရှိ ကစားသမား (၃) ဦးကို ကျနော်ရွေးချယ်ပေးချင်ပါတယ်…

အဲ့ဒီသုံးယောက်ကတော့ အသင်းပရိတ်သတ်တွေရဲ့ အချစ်တော်ကစားသမား ဘရူနို ဖာနန်ဒက်စ် ရယ်
အသင်းကို မကြာသေးမီကမှ ရောက်လာပြီး နံပါတ် (၇) နဲ့ထိုက်တန်ကြောင်းပြသခဲ့တဲ့ ကာဗာနီ ရယ်
ကွင်းပြင်မှာ ပြသနာတွေရှိပေမယ့် ကွင်းထဲရောက်ရင် ယူနိက်တက်ကို ချစ်ပြတတ်တဲ့ ကျနော့်သူငယ်ချင်းဟောင်း ပေါ့ဘာတို့ကို ရွေးချယ်ချင်ပါတယ်..

.အိုလေ က ဒီကစားသမား သုံးယောက်လုံးကို Key Player တွေအဖြစ် တဖြည်းဖြည်းအသုံးပြုလာခဲ့တာကို မြင်တွေ့လာရပါတယ်..
နောက်ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ဒီသုံးယောက်က အသင်းကို ပေးဆပ်သွားမယ်ဆိုတာ ယုံကြည်ပါတယ်. ” ဟုပြောခဲ့ပါတယ်…

ခရက်ဒစ်