Sports

ဝမ်ဘစ်ဆာကာကို ရာသီသစ်တွင် ဗဟိုခံစစ်မှူးအဖြစ် အသုံးပြုဖွယ်ရှိ

မန်ယူအသင်းသည် အသင်း၏နောက်တန်းကို ပြန်လည်ပြင်ဆင်ရာတွင် ဝမ်ဘစ်ဆာကာကို ဗဟိုခံစစ်မှူးအဖြစ် အသုံးပြုသွားရန်ရှိသည်။ ဆိုးရှားသည် ရာသီအကြိုခြေစမ်းပွဲများတွင် ဝမ်ဘစ်ဆာကာကို ဗဟိုခံစစ်နေရာ၌ စမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်။ ဝမ်ဘစ်ဆာကာသည် မန်ယူနောက်တန်းတွင် အလျင်မြန်ဆုံးနှင့် ဘောလုံးဖျက်ထုတ်မှုအကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်ပြီး လေးယောက်တန်းခံစစ်တွင် ဗဟိုခံစစ်မှူးအဖြစ် အကောင်းဆုံး အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အပြင် နောက်တန်း သုံးယောက်ထားကစားပါကလည်း ညာအစွန်ခံစစ်မှူးအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

မန်ယူသည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ညာအစွန်ခံစစ်မှူး ထရစ်ပီယာကို ခေါ်ယူ၍ ဝမ်ဘစ်ဆာကာအား ပြိုင်ဆိုင်မှုရှိစေရေးအတွက် အသုံးပြုသွားဖွယ်ရှိသည်။ အင်္ဂလန်နှင့် လီဗာပူး ကစားသမားဟောင်း ဂျွန်ဘန်းစ်က ဆောက်ဂိတ်သည် ဝမ်ဘစ်ဆာကာကို
ဆက်ဆံခြင်း မမျှတဟု ပြောဆိုသွားခဲ့သည်။ ဆောက်ဂိတ်သည် အင်္ဂလန်အတွက် ကစားသမား ၂၆ ယောက်ရွေးရာတွင် ဝမ်ဘစ်ဆာကာကို ချန်ထားခဲ့သည်။ အလက်ဇန်းဒါးအာနိုးသည် ဒဏ်ရာရရှိသောကြောင့် အသင်းမှ နုတ်ထွက်ခဲ့ရသည်။

ww

“ဝမ်ဘစ်ဆာကာဟာ အင်္ဂလန်မှာ အကောင်းဆုံး ညာအစွန်နောက်ခံလူပါ။ ဒါပေမယ့် သူဟာ လျစ်လျူရှုခံခဲ့ရတယ်လို့ ယူဆပါတယ်။ ပရိသတ်တွေက တိုက်စစ်ကို လိုက်ကစားနိုင်တဲ့ ခံစစ်မှူးတွေအကြောင်းပဲ ပြောနေတယ်။ ဒါပေမယ့် ခံစစ်မှူးတစ်ယောက်ဟာ ခံစစ်ကို
ကောင်းကောင်းကစားနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဆောက်ဂိတ်အနေနဲ့ နောက်တန်းမှာ ၄ ယောက်၊ ၅ ယောက် ဘယ်လိုပဲသုံးသုံး ခံစစ်ကောင်းကောင်းကစားနိုင်တဲ့ ခံစစ်မှူးမပါရင် အလကားပါပဲ”ဟု ဂျွန်ဘန်းစ်က ပြောဆိုခဲ့သည်။

Credit