Sports

ယူနိုက်တက်ရယ့် ရာသီအစ ပွဲစဉ်အချို့နဲ့ လွှဲခြော်မယ့် တိုက်စစ်မှူး ရက်ဖို့ဒ်

ယူနိုက်တက်အသင်းရယ့် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရက်ဖို့ဒ်ဟာ သူ့ရယ့် ဒဏ်ရာပြသနာကြောင့် ယူရို ၂၀၂၀ပြိုင်ပွဲအပြီးမှာ ခွဲစိတ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ခြေထောက်နဲ့ ပုခုံးမှာ ဒဏ်ရာတွေ ရရှိထားပြီး အင်္ဂလန် လက်ရွေးစင်အတွက်ရယ် ယူနိုက်တက်ရယ့် ယူရိုပါလိဒ် ဖိုင်နယ်အတွက် ရော အားတင်းပြီး ဆက်ကန်နေတာဖြစ်ပါတယ်။ ရက်ဖို့ဒ်အနေနဲ့ ဒဏ်ရာ နှစ်ခုလုံးအတွက် ခွဲစိတ်ရမယ့်အခြေအနေမှာရှိပါတယ်။ ထိုခွဲစိတ်မှုများကြောင့် ၂၀၂၀-၂၁ဘောလုံးရာသီမှာ ရာသီအစ ပွဲစဉ်တွေလွှဲခြော်ဖို့ရှိနေပါတယ်။

လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကလည်း ဒဏ်ရာအခြေအနေကြောင့် ယူရိုကနေ နှုတ်ထွက်ခဲ့ရပါတယ်။ နောက်တန်းကစားသမား မက်ဂွိုင်းယားအနေနဲ့လည်း ဒဏ်ရာပြသနာတွေရှိပါတယ်။ ထို့ပြသနာတွေ ဖြေရှင်းဖို့အတွက် ယူနိုက်တက်တို့ လူစာရင်းကို အားဖြည့်ဖို့အထူးလိုအပ်နေပြီး အသင်းအင်အားတောင့်အောင် လိုအပ်ချက်များဖြည့်ဆည်းနိုင်မလားစောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source