Sports

ပွဲထွက်ခွင့်အတွက် အတွေ့အကြုံကောင်းတွေရရှိဖို့ အငှားချထားခံရအုံးမယ့် ယူနိုက်တက်လူငယ်ကြယ်ပွင့်

ယူနိုက်တက်အသင်းရယ့် လူငယ်အသင်းမှာ သွင်းဂိုးတွေကြောင့် နာမည်ကြီးခဲ့တဲ့ လူငယ်ကြယ်ပွင့် ပယ်လစ္စထရီ ဟာ နောက်ရာသီမှာလည်း စပိန်ကလပ် အလာဗတ်စ် အသင်းမှာ အငှားဆက်ကစားနေမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသက် ၁၉နှစ်သာရှိသေးတဲ့ ပလစ္စထရီဟာ အလာဗတ်စ်အသင်းကို အငှားချထားခံခဲ့ရပါတယ်။ နောက်ရာသီမှာလည်း သူ့အတွက် ပွဲထွက်ခွင့်မသေချာတဲ့အတွက် အလာဗတ်စ်မှာ ဆက်ရှိနေဖို့ အကြောင်းဖန်လာပါတယ်။

ဥရုဂွေးသာ ပယ်လစ္စထရီကတော့ အောက်တိုဘာလမှာ ပေါင်၇သန်းခွဲဖြင့် ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ ယူနိုက်တက်ကို ရောက်ရှိပြီး လေးလအကြာမှာဘဲ အငှားချခံထားရသူဖြစ်ပါတယ်။ အသက်၂၃နှစ်အောက် ယူနိုက်တက်အသင်းမှာ ခြေစွမ်းတွေပြသခဲ့ပြီး အလာဗတ်စ်မှာလည်း ခြေစွမ်းပြသထားသူဖြစ်ပါတယ်။ ယူနိုက်တက်ရယ့် လူငယ်တွေကို မွှေးထုတ်ပေးနိုင်တဲ့ အစဉ်အလာဟာကြီးမားပြီး ပလစ္စထရီတစ်ယောက် ယူနိူက်တက်ကို တစ်ချိန်အကျိုးပြုနိုင်မလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source