Sports

ဆိုးလ်ရှားရဲ့ ရာသီကြို ပြင်ဆင်မှုနဲ့ နွေအပြောင်းအရွှေ့အစီအစဉ်တွေမှာ အဓိက သော့ချက် ပစ်မှတ်တွေကို ထိထိမိမိ ပစ်နိုင်ပါမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ….

ယူနိုက်တက်အသင်းရယ့် နည်းပြဖြစ်သူ ဆိုးရှားလ်ကတော့ ညာနောက်ခံလူ ၀မ်ဘစ်ဆာကာ ကို ဗဟို နောက်ခံလူ အဖြစ်ပြောင်းလဲ အသုံးပြုဖို့ ကြိုးစားမယ်လို့ ဖွင့်ဟပြောဆိုပေးခဲ့ပါတယ်။ ရာသီအကြိုပွဲစဉ်တွေမှာ စတင်အသုံးပြုမယ်လို့ ပြောကြားခဲ့ပြီး အားနည်းချက်တွေရှိနေတဲ့ နောက်တန်း နေရာအတွက် အဖြေတစ်ခုလို့တောင် ပြောနေကြပါတယ်။ အသက် (23)နှစ်အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်းသားကတော့ ခြေစွမ်းအနေနဲ့ နောက်တန်းမှာ အထူးကောင်းမွန်ပြီး တိုက်စစ်မှူးတွေ တစ်ဦးချင်း ဖြတ်ကြော်ဖို့တောင် ခက်ခဲတယ်လို့ ပြောစမှတ်ပြုကြပါတယ်။

ဒါပေမယ့် တိုက်စစ်ပိုင်းကို လိုက်ပါမှုမှာ ဘစ်ဆာကာအနေနဲ့ အားနည်းလျက်ရှိပါတယ်။ ဒီအချက်တွေကြောင့် သူ့ကို ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့တွဲဖက်ကာ အသုံးပြုဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ညာနောက်ခံလူနေရာမှာ ဝီလီယံနဲ့ ဒါလော့တို့ရှိနေပြီ တီကိုကစားသမား ထရစ်ပီယာကလည်း သတင်းတွေထွက်နေပါတယ်။ ဗဟိုခံစစ်အတွက် ဘစ်ဆာကာကို အသုံးပြုနိုင်တဲ့အတွက် တိုက်စစ်ပိုင်းဖြည့်ဖို့ လမ်းစပြုလာတယ်လို့ ပြောလို့ရပါတယ်။

တိုက်စစ်ပိုင်းမှာ ဆန်ချို နှင့် ဟာရီကိန်းတို့ ခေါ်ယူဖို့ပြင်ဆင်ထားပြီး ဈေးအရ ပေးရမှာ အလွန်များတဲ့ ကစားသမားတွေဖြစ်ပါတယ်။ နည်းပြဆိုးရှားလ်အနေနဲ့ ဂလေဇာတို့ ယူနိုက်တက် ဘုတ် အဖွဲ့ ပိုက်ဆံအကုန်သက်သာအောင် လိုအပ်နေတဲ့ ဗဟိုခံစစ်ကစားသမားကို ဘစ်ဆာကာ ကို အသုံးပြုဖို့ ကြိုးစားတာလည်းဖြစ်နိုင်ပါတယ်။ ယူနိုက်တက်အနေနဲ့ တိုက်စစ်ကို အမှန်တဂယ်‌ အားဖြည့်ခေါ်ယူလာနိုင်မှာလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source