Local News

ဓာတ်ပုံရိုက်တဲ့လက်က ပြည်သူကိုကာကွယ်ပေးမဲ့ လက်တစ်စုံဖြစ်လာ

လူငယ်တွေကတော့ သူတို့ရဲ့အနာဂတ်မျှော်လင့်ချက်တွေအတွက် လုံးဝနောက်မဆုတ်ဘဲ ရှေ့ဆက်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ် 

လူငယ်တွေက လမ်းပေါ်မှာ ဆန္ဒပြတဲ့အချိန်တုန်းကလည်း ပြည်သူတွေကိုကာကွယ်ပေးခဲ့သလို အခုချိန်မှာလည်း PDF အဖွဲ့တွေထဲကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ် ရန်ကုန်မြို့မှာရှိတဲ့ လူငယ်တစ်ဦးကလည်း သူ့ရဲ့ဝါသနာတွေကို စွန့်လွှတ်ပြီး PDF အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်သူကတော့ ကင်မရာကိုင်ပြီး ဓာတ်ပုံရိုက်ရတဲ့ဘဝကနေတောထဲတောင်ထဲမှာ စစ်ရေးလေ့ကျင့်နေရတဲ့ဘဝကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူ့အနေနဲ့ မတရားတွေကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ‌တတ်နိုင်တဲ့နေရာကနေ အစွမ်းကုန်တွန်းလှန်တိုက်ထုတ်ချင်တာကြောင့် အခုလိုလုပ်နေရတာဖြစ်ကြောင်း ပြောပြထားပါသေးတယ် မနေ့ကဆိုရင်လည်း သူက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ပြည်သူတွေနဲ့စကားပြောခဲ့တာ ဖြစ်ပါတယ် ဆန္ဒထုတ်ဖော်တဲ့အချိန်ကတည်းက ပြည်သူတွေကိုကာကွယ်ဖို့ ရှေ့တန်းမှာနေခဲ့တဲ့ လူငယ်လေးက အခုတော့တိုက်ပွဲဝင်ဖို့အတွက် လေ့ကျင့်နေရရှာပြီ ဖြစ်ပါတယ် 

ဒါကြောင့် သူက “အနုပညာနဲ့အလှတရားတွေ ဖန်တီးပေးတဲ့ကျွန်တော့်ရဲ့ကင်မရာကိုင်ခဲ့တဲ့လက်က အခုတော့ သေမှကျေနပ်တဲ့ ေနတ်ကို ကိုင်နေရပြီ “ဆိုပြီးပြောထားတာဖြစ်ပါတယ် သူကတော့ ပြည်သူတွေရဲ့မိသားစုတွေ၊ ပညာတတ်တဲ့ကလေးတွေ၊ အရည်အချင်းရှိတဲ့လူငယ်တွေရဲ့ဘဝတွေ ဒုက္ခဘေးကနေ လွတ်မြောက်သွားရင်ကျေနပ်ပါပြီဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Credit