Local News

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်မှ မဲခိုးခဲ့ကြောင်း တပ်တွင်းကြိုတင်မဲပြုစုသူ တပ်ကြပ်ကြီးဝန်ခံ

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်မှ မဲခိုးခဲ့ကြောင်း တပ်တွင်းကြိုတင်မဲပြုစုသူ တပ်ကြပ်ကြီးဝန်ခံ

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်က မဲခိုးခဲ့တယ်လို့ တပ်တွင်းကြိုတင်မဲ ပြုစုသူတပ်ကြပ်ကြီးသက်နိုင်အောင်က DVB သတင်းဌာနကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့မဲခိုးခဲ့တာက တပ်မတော်ကပဲ မဲခိုးခဲ့တာ။ စစ်သား တစ်ယောက်ကို မဲတစ်မဲထက်ပိုတဲ့ ကြိုတင်မဲတွေ ပေးခဲ့ရတယ်။ ကြိုတင်မဲတွေကို လိမ်လည်ပြီးရယူခဲ့တာအများကြီးပဲ။ ကိုယ့်ပေးချင်တဲ့သူကိုလည်း မဲမပေးခဲ့ရဘူး”တပ်ကြပ်ကြီး သက်နိုင်အောင် ကဆိုသည်။

တပ်ကြပ်ကြီး သက်နိုင်အောင်ဟာ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ရဲ့ ကြိုတင်မဲစာရင်းပြုစုရေးတွင်ပါဝင်သူတစ်ဦးဖြစ်ပါတယ်။

Credit – Myanmar Celebrity Tv Club