Sports

ယူနိုက်တက်ဂိုးသမားကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ဝိုက်ဖို့ကြိုးစားလာတဲ့ မော်ရင်ညို

ယူနိုက်တက်ရယ့် နည်းပြဟောင်းတစ်ဦးလည်းဖြစ် လက်ရှိ ရိုးမားနည်းပြ မော်ရင်ညိုကတော့ ယူနိုက်တက်ဂိုးသမား ရိုမဲရိုးကို အလွှတ်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ထို့အပြင် ဒီဂီယာကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်ပေမယ့် အသင်းက ထွက်မှာ သေချာတဲ့ ရိုမဲရိုးကို ခေါ်ယူဖိူ့ပြင်ဆင်လာတာပါ။ မော်ရင်ညိုကတော့ ရိုးမားအသင်းကို အင်အားဖြည့်ဖို့ ကြိုးစားနေတာတွေ့ရပြီး လူခေါ်ယူမှုတွေ လုပ်ဆောင်နေတာဘဲဖြစ်ပါတယ်။

ရိုးမဲရိုးဟာ နည်းပြဆိုးရှားလ် လက်ထက်မှာ ဟန်ဒါဆန် ရောက်ရှိလာပြီး အပယ်ခံဘ၀ကို ရောက်ရှိခဲ့ပါတယ်။ မနှစ်က ရာသီမှာ အသင်းမှာ ရှိပေမယ့် လူစာရင်းမှာ ထည့်သွင်းခြင်းမခံခဲ့ရပါဘူး။ ထို့ကြောင့် ဂ်ိုးသမား ရိုမဲရိုးက ယူနိုက်တက်နှင့်စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းမှတရားဝင်ထွက်ခွာခဲ့ပြီးဖြစ်ကြောင်း တရား၀င် ကြေငြာခဲ့ပါတယ်။

ရိုမဲရိုးဟာ 2015မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပါတယ်။ ‌ငါးနှစ်ကြော် ယူနိုက်တက်နှင့်အတူရှိခဲ့ပြီးယူနိုက်တက်နှင့်အတူကစားခဲ့သည့်ပွဲ (61)ပွဲ ရှိပြီး
ပေးဂိုး -(27)ဂိုး သာ ပေးထားရပါတယ်။ Clean Sheet ဟာ (39)ပွဲ ထိရှိခဲ့ပါတယ်။ သရဲနီစိတ်ဓာတ်အပြည့်ရှိတဲ့ အသင်းကိုချစ်တဲ့ ရိုမဲရိုးတစ်ယောက် အသင်းသစ်မှာ ပွဲထွက်ခွင့်ရပြီး ဆုဖလားတွေ အောင်မြင်မှုတွေ ရနိုင်မလား စောင့်ကြည့် အားပေးရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source