Sports

ယူနိုက်တက်မှာ ဆက်ရှိ‌နေမှာ မသေချာတော့တဲ့ ကွင်းလယ်ကြယ်ပွင့် ပါရဲယား

ယူနိုက်တက်ရယ့် ကွင်းလယ်ကစားသမား ပါရဲယားကတော့ ယခုအပြောင်းအရွေ့မှာ အခြေအနေပေးရင် အသင်းကနေထွက်ခွာမယ့်အကြောင်းကို ပြောပြခဲ့ပါတယ်။ ပါရဲယားအနေနဲ့ လာဇီယိုမှာ အငှားချထားခံရပါတယ်။ သူ့အနေနဲ့ လာဇီယိုမှာ ခြေစွမ်းပြနေပြီး 33 ပွဲထိ ကစားထားရပြီး သွင်းဂိုး ငါးဂိုး သွင်းယူထားနိုင်ပါတယ်။ သို့သော်လည်း ယခုမှာတော့ အငှားချထားတဲ့ ကာလပြီးဆုံးသွားပြီး မိခင်ကလပ်ဖြစ်တဲ့ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ပါရဲယားက ” အနာဂတ်မှာတော့ လာဇီယိုမှာတော့ ကစားချင်ပါတယ်။ ယူနိုက်တက်အနေနဲ့ ကျွန်တော့်အပေါ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို မူတည်ပါတယ်။ ယူနိုက်တက်ဟာ ကျွန်တော် 16နှစ်ကတည်းက ရှ်ိခဲ့တဲ့အတွက် ဒုတိယအိမ်ပါဘဲ။”
ဆိုပြီးပြောခဲ့ပါတယ်။

ကွင်းလယ်မှာတော့ ပွဲထွက်ခွင့်တွေ ဝေးကွာနေအုံးမယ့် ပါရဲယားတစ်ယောက် သူချစ်တဲ့ ယူနိုက်တက်မှာဘဲ ဆက်ရှိနေမလား လာဇီယိုကို တဂယ်ကြီးပြောင်းသွားမလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source