Sports

လာမယ့်ရာသီမှာ ယူနိုက်တက်တိုးတက်လာတာဘဲမြင်ချင်တယ်ဆိုတဲ့ ဘရာဇီးကြယ်ပွင့်

ယူနိုက်တက်ရယ့် ကွင်းလယ်ကစားသမား ဖရတ်ကတော့ အသင်းက တိုးတက်လာတယ်လို့ပြောခဲ့ပြီး နိုင်သင့်တဲ့ ပွဲတွေမနိုင်ခဲ့တဲ့ အကြောင်းကို ပြောပြ့ခဲ့ပါတယ်။ ဖရတ်က
” မနှစ်တုန်းက အသင်းရဲ့စွမ်းဆောင်မှုဟာ ကောင်းတယ်လို့ပြောရပါမယ်။ ဒါနဲ့ တစ်ရာသီလုံး တိုးတက်သင့်သလောက်တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီ မှာ တည်ငြိမ်မှုတွေတော့မရှိသေးပါဘူး။ ကျွန်တော်တို့ဆီ မှာ တစ်ရာသီလုံးတိုးတက်နေပေမယ့် တစ်ချို့နိုင်သင့်တဲ့ ပွဲတွေကို အနိုင်မယူနိုင်ခဲ့ပါဘူး။ မနှစ်တုန်းက ကျွန်တော့် ဆီမှာ ပွဲထွက်ခွင့်ရတဲ့ပွဲစဥ်တွေ အများကြီးပဲရှိခဲ့ပါတယ်။ ဒါမျိုးကစားရလို့ ကျွန်တော်အရမ်းပဲ ကျေနပ်ပါတယ်။ အသင်းမှာ အောင်မြင်မှုတွေကို ကျွန်တော်လိုချင်ပါတယ်။ လာမယ့်ရာသီမှာဆိုရင် ကျွန်တော်တို့အသင်းတိုး တက်လာမယ်လို့ ယုံကြည်ထားပါတယ်။ ” ဆိုပြီးပြောခဲ့ပါတယ်။

ဖရတ်ကတော့ ယခု အချိန်မှာ ကိုပါ အမေရိက ဖလားပြိုင်ပွဲ အတွက် လေ့ကျင်နေရပြီဘဲဖြစ်ပါတယ်။ ဖရတ်အနေနဲ့ ကိုပါ အမေရိက ဖလားပြိုင်ပွဲမှာ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source