Sports

ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားတွေအဖြစ် ဖိုဒန်၊ ရပ်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ သတ်မှတ်ခံရ

ဘောလုံးသမားတွေနဲ့ပတ်သက်လို့ စစ်တမ်းအချက်အလက်တွေကို ထုတ်ပြန်လေ့ရှိတဲ့ နာမည်ကျော် CIES အဖွဲက ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး

အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဖိုဒန်၊ ဂရင်းဝုဒ်နဲ့ ရပ်ရှ်ဖို့ဒ်တို့က ဟာလန်း၊ ဘာပေစတဲ့ နာမည်ကျော်တွေထက် တန်ဖိုးပိုများခဲ့သလို အဆင့်(၁၊၂၊၃)နေရာတွေမှာ အသီးသီးရပ်တည်နိုင်ခဲ့ကြပါတယ်။

မန်စီးတီးလူငယ်တိုက်စစ်မှူးဖိုဒန်ဟာ ပေါင်(၁၆၃)သန်းနဲ့ အခုစာရင်းရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်က ပေါင်(၁၅၃)သန်း၊ ရပ်ရှ်ဖို့ဒ်က ပေါင်(၁၃၇)သန်းစီ တန်ဖိုးသတ်မှတ်ခံခဲ့ရပါတယ်။

ဒေ့ါမွန်အသင်းရဲ့နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကတော့ ခန့်မှန်းတန်ဖိုးပေါင်(၁၃၃)သန်းသာရှိခဲ့ပြီး ဖိုဒန်၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့နောက်မှာသာ ရပ်တည်နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါင်(၁၃၂)သန်းနဲ့ အဆင့်(၅)နေရာချိတ်ခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတာက PSG အသင်းရဲ့ ပြင်သစ်နာမည်ကျော်တိုက်စစ်ကစားသမားဘာပေဟာ အဆင့်(၁၂)နေရာအထိကျဆင်းသွားတာဖြစ်ပြီး

သူ့ရဲ့ခန့်မှန်းခြေတန်ဖိုးက ထိပ်ဆုံးကဖိုဒန်နဲ့ ပေါင်သန်း(၆၀)ကျော်ကွာဟနေတဲ့အပြင် ချယ်လ်ဆီးကွင်းလယ်လူ မေဆင်မောင့်ထက်တောင် တန်ဖိုးနည်းပါးခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူမေဆင်မောင့်ဟာ အခုစာရင်းထဲက အင်္ဂလန်ကစားသမားတွေထဲမှာ စတုတ္ထမြောက်တန်ဖိုးအများဆုံးဖြစ်ခဲ့ပြီး ခန့်မှန်းခြေတန်ဖိုး ပေါင်(၁၀၆)သန်းရှိခဲ့ပါတယ်။

CIES က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံးအယောက်(၂၀)မှာ တခြားအင်္ဂလန်နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဆန်ချို၊ အာနိုးလ်၊ ဆာကာတို့လည်း ပါဝင်ခဲ့ကြပါတယ်။

မန်စီးတီးဂိုးသမား အီဒါဆင်ဟာ ပေါင်(၅၃.၂)သန်းတန်ဖိုးသတ်မှတ်ခံခဲ့ရတာကြောင့် ဂိုးသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ်ရပ်တည်နိုင်ခဲ့ပြီး ကလပ်အသင်းဖော် နောက်ခံလူဒီယက်စ်ကလည်း ပေါင်(၉၈)သန်းနဲ့ နောက်ခံလူတွေထဲမှာ တန်ဖိုးအမြင့်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

အခုစာရင်းရဲ့ထိပ်ဆုံးအယောက်(၂၀)မှာ အသက်(၂၅)နှစ်နဲ့အထက်ကစားသမားဆိုလို့ ဘရူနိုဖာနန်ဒက်စ်၊ ဗာနာ၊ ဘာနာဒိုဆေးလ်ဗားတို့သာပါဝင်ခဲ့သလို

ဘာနာဒိုဆေးလ်ဗားဟာ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် ထိပ်ဆုံးအယောက်(၂၀)စာရင်းမှာ အသက်အကြီးဆုံးဖြစ်ခဲ့ပြီး အသက်အငယ်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တာက အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဘာစီလိုနာကွင်းလယ်လူပတ်ဒရီပဲဖြစ်ပါတယ်။crd

Zawgyi

ကမာၻ႔တန္ဖိုးအႀကီးဆုံးကစားသမားေတြအျဖစ္ ဖိုဒန္၊ ရပ္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ သတ္မွတ္ခံရ

ေဘာလုံးသမားေတြနဲ႔ပတ္သက္လို႔ စစ္တမ္းအခ်က္အလက္ေတြကို ထုတ္ျပန္ေလ့ရွိတဲ့ နာမည္ေက်ာ္ CIES အဖြဲက ကမာၻ႔တန္ဖိုးအႀကီးဆုံးကစားသမားေတြကို ထုတ္ျပန္ေၾကညာခဲ့ၿပီး အဂၤလန္လူငယ္တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ ဖိုဒန္၊ ဂရင္းဝုဒ္နဲ႔ ရပ္ရွ္ဖို႔ဒ္တို႔က ဟာလန္း၊ ဘာေပစတဲ့ နာမည္ေက်ာ္ေတြထက္ တန္ဖိုးပိုမ်ားခဲ့သလို အဆင့္(၁၊၂၊၃)ေနရာေတြမွာ အသီးသီးရပ္တည္ႏိုင္ခဲ့ၾကပါတယ္။

မန္စီးတီးလူငယ္တိုက္စစ္မႉးဖိုဒန္ဟာ ေပါင္(၁၆၃)သန္းနဲ႔ အခုစာရင္းရဲ႕ထိပ္ဆုံးေနရာမွာရပ္တည္ႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ ဂရင္းဝုဒ္က ေပါင္(၁၅၃)သန္း၊ ရပ္ရွ္ဖို႔ဒ္က ေပါင္(၁၃၇)သန္းစီ တန္ဖိုးသတ္မွတ္ခံခဲ့ရပါတယ္။ ေဒ့ါမြန္အသင္းရဲ႕ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းကေတာ့ ခန႔္မွန္းတန္ဖိုးေပါင္(၁၃၃)သန္းသာရွိခဲ့ၿပီး ဖိုဒန္၊ ဂရင္းဝုဒ္၊ ရပ္ရွ္ဖို႔ဒ္တို႔ရဲ႕ေနာက္မွာသာ ရပ္တည္ႏိုင္ခဲ့တာပါ။

ယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေပါင္(၁၃၂)သန္းနဲ႔ အဆင့္(၅)ေနရာခ်ိတ္ခဲ့ပါတယ္။ အံ့အားသင့္စရာေကာင္းတာက PSG အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္တိုက္စစ္ကစားသမားဘာေပဟာ အဆင့္(၁၂)ေနရာအထိက်ဆင္းသြားတာျဖစ္ၿပီး သူ႔ရဲ႕ခန႔္မွန္းေျခတန္ဖိုးက ထိပ္ဆုံးကဖိုဒန္နဲ႔ ေပါင္သန္း(၆၀)ေက်ာ္ကြာဟေနတဲ့အျပင္ ခ်ယ္လ္ဆီးကြင္းလယ္လူ ေမဆင္ေမာင့္ထက္ေတာင္ တန္ဖိုးနည္းပါးခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းအတြက္ ေျခစြမ္းျပကစားခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူေမဆင္ေမာင့္ဟာ အခုစာရင္းထဲက အဂၤလန္ကစားသမားေတြထဲမွာ စတုတၳေျမာက္တန္ဖိုးအမ်ားဆုံးျဖစ္ခဲ့ၿပီး ခန႔္မွန္းေျခတန္ဖိုး ေပါင္(၁၀၆)သန္းရွိခဲ့ပါတယ္။ CIES က ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔တန္ဖိုးအႀကီးဆုံးကစားသမားစာရင္းရဲ႕ ထိပ္ဆုံးအေယာက္(၂၀)မွာ တျခားအဂၤလန္နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳ၊ အာႏိုးလ္၊ ဆာကာတို႔လည္း ပါဝင္ခဲ့ၾကပါတယ္။

မန္စီးတီးဂိုးသမား အီဒါဆင္ဟာ ေပါင္(၅၃.၂)သန္းတန္ဖိုးသတ္မွတ္ခံခဲ့ရတာေၾကာင့္ ဂိုးသမားေတြထဲမွာ တန္ဖိုးအႀကီးဆုံးအျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီး ကလပ္အသင္းေဖာ္ ေနာက္ခံလူဒီယက္စ္ကလည္း ေပါင္(၉၈)သန္းနဲ႔ ေနာက္ခံလူေတြထဲမွာ တန္ဖိုးအျမင့္ဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ အခုစာရင္းရဲ႕ထိပ္ဆုံးအေယာက္(၂၀)မွာ အသက္(၂၅)ႏွစ္နဲ႔အထက္ကစားသမားဆိုလို႔ ဘ႐ူႏိုဖာနန္ဒက္စ္၊ ဗာနာ၊ ဘာနာဒိုေဆးလ္ဗားတို႔သာပါဝင္ခဲ့သလို ဘာနာဒိုေဆးလ္ဗားဟာ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တာေၾကာင့္ ထိပ္ဆုံးအေယာက္(၂၀)စာရင္းမွာ အသက္အႀကီးဆုံးျဖစ္ခဲ့ၿပီး အသက္အငယ္ဆုံးအျဖစ္မွတ္တမ္းဝင္ခဲ့တာက အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘာစီလိုနာကြင္းလယ္လူပတ္ဒရီပဲျဖစ္ပါတယ္။crd