Sports

ပရိတ်သတ်တွေ စိုးရိမ်ခဲ့ကြရတဲ့ လည်ထွက်သွားတဲ့ ရက်ဖို့ဒ်ရယ့် ခြေကျင်း၀တ်

ပြီးခဲ့တဲ့ ရိုမေးနီးယားနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ပါ၀င်ခဲ့တဲ့ ရက်ဖို့ဒ်ရယ့် ပင်နယ်တီကန်သွင်းတုံးက မြင်ခဲ့တဲ့ ခြေထောက်ပုံစံ ကို ပရိတ်သတ်တွေ စိုးရိမ်နေကြပါတယ်။ သူသာ ပွဲစဉ်အတွင်းခြေစွမ်းပြခဲ့ပြီး ပင်နယ်တီကန်သွင်းချိန်မှာ ခြေကျင်း၀တ်ဟာ သိသိသာသာလည်ထွက်နေပြီး ပရိတ်သတ်တွေ စိုးရိမ်တကြီးဖြစ်နေကြပါတယ်။ တစ်ချို့ပရိတ်သတ်တွေကတော့ အဲ့လိုအနေအထားနဲ့ကန်နေကြဖြစ်တဲ့အတွက် စိုးရိမ်စရမရှိဘူးလို့ပြောကြပါတယ်။

ရက်ဖို့ဒ်ကိုယ်တိုင်ကလည်း သူ့ ဒဏ်ရာဟာ အရှင်းမကောင်းမွန်ပေမယ့် ကုသရာမှာဖြစ်ပေမယ့် အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယခုဆိုလျှင် ရက်ဖို့ဒ်ကဲ့သို့ အသင်းခေါင်းဆောင်ဖြစ်တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့သူက ခြောက်ယောက်ရှိပါတယ်။ သူတို့ကတော့ ဘောဘီချာလ်တန်၊ ရော့ဘတ်ဆင် ၊ ဘတ်ခမ်း၊ ဖာဒီနန်၊ ရွန်းနီ၊ မက်ဂွိုင်းယားတို့ဖြစ်ပါတယ်။ ရက်ဖို့ဒ်အနေနဲ့ ဒဏ်ရာအခြေအနေနဲ့ကို အင်္ဂလန်အသင်းမှာ ကစားနေပြီး ခြေစွမ်းထက်မံ၍ပြနိုင်အုံးမလား စောင့်ကြည့်အားပေးရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source