Sports

ရိုမီယိုအတွက် ကမ်းလှမ်းမှုကို အတ္တလန္တာမှပယ်ချလိုက်​ကြောင်း ယူနိုက်တတ်ကို အသိပေး

အီတလီကလပ် အတ္တလန္တာအသင်းသည် နောက်ခံလူ ခရစ္စတီယန်ရိုမီယိုအတွက် မန်ယူအသင်းမှ ပေါင် ၃၉ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သတင်းများက ဖော်ပြသည်။ ဗဟိုခံစစ်မှူးတစ်ဦး ရှာဖွေနေသော မန်ယူအတွက် ပြီးခဲ့သည့်ဘောလုံးရာသီက ခြေစွမ်းပြလာသော အသက် ၂၃ နှစ်အရွယ်ရှိ အာဂျင်တီးနားကစားသမားမှာ စိတ်ဝင်စားစရာ ကောင်းလာသည်။

အတ္တလန္တာသည် ခံစစ်မှူး၏ ပြောင်းရွှေ့ကြေးကို ပေါင် ၅၂ သန်း သတ်မှတ်ထားသောကြောင့် မန်ယူ၏ ပေါင် ၃၉ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။ ရိုမီယိုသည် ဂျူဗင်တပ် ကစားသမားတစ်ဦး ဖြစ်သော်လည်း အတ္တလန္တာအသင်းတွင် ၂၀၂၂ ဘောလုံးရာသီအကုန်အထိ အငှားဖြင့်ကစားရန် သဘောတူညီချက်ရှိထားပြီး စာချုပ်သက်တမ်းကုန်လျှင် ပေါင် ၂၁.၅ သန်းဖြင့် ဝယ်ယူခွင့်ရရန်ကိုလည်း သဘော တူညီမှု ယူထားသည်။ အတ္တလန္တာသည် ရိုမီယိုကို ဝယ်ယူပြီး မန်ယူသို့ ပြန်ရောင်းလျှင်ပင် အမြတ်ငွေရမည်ဖြစ်သောကြောင့် ထိုသို့ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြသည်။

ww

ရိုမီယိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက စီးရီးအေ ၃၁ ပွဲ ကစားခဲ့ပြီး ဂတ်စ်ပါရီနီ၏ အသင်းကို စီးရီးအေတွင် တတိယနေရာ၌ ရပ်တည်နိုင်ရေး အကောင်းဆုံး ကူညီနိုင်ခဲ့သည်။ ရိုမီယိုသည် စီးရီးအေ၏ တစ်နှစ်တာအကောင်းဆုံး နောက်ခံလူအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။ မန်ယူအသင်းအနေဖြင့် ၎င်းကို နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းမည်လား၊ အတ္တလန္တာက ဈေးလျှော့မည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။ ဆိုးရှားသည် နောက်တန်းတွင် မက်ဂွိုင်းယားအတွက် ကစားဖော်ကို ရှာဖွေနေပြီး ဗာရာနီ၊ ရာမို့စ်နှင့် ကွန်ဒီတို့ကိုလည်း ချိတ်ဆက်မှုများ ပြုလုပ်နေသည်။

Credit – inarr journal