Sports

ဒဏ်ရာကြောင့် နိုင်ငံအသင်းမှာခြေစွမ်းပြခွင့်ဆုံးရှုံးခဲ့ရတဲ့ ယူနိုက်တက်ကြယ်ပွင့်

ယူနိုက်တက်အသင်းရယ့် ကွင်းလယ်ကစားသမား ဗန်ဒီဘစ်ဟာ ဒဏ်ရာကြောင့် နယ်သာလန် လက်ရွေးစင်အသင်းနဲ့ ယူရိုပြိုင်ပွဲအား လွှဲချော်တော့မည်ဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။ သူ့နေရာအတွက် နယ်သာလန်နည်းပြက လူအစားထို့ဖို့ မခေါ်ယူတော့ဘူးဆိုပြီးလည်း သိရပါတယ်။ နယ်သာလန်အသင်းကတော့ ယူရိုပြိုင်ပွဲမှာ Group Cမှာ ကျရောက်နေပြီး ဩစတြီးယား ၊ ယူကရိန်းနှင့် မြောက်မက်ဆီဒိုးနီးယားအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘစ်ကတော့ အေဂျက်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရောက်ရှိခဲ့ပြီး 34ပွဲ ကစားထားရပြီး သွင်းဂိုး တစ်ဂိုးသာရရှိထားပါတယ်။ ဗန်ဒီဘစ်အနေနဲ့ အရံခုံမှာ သာ ထိုင်ရတာများပြီး ခြေစွမ်းပြခွင့်တွေဆုံးရှုံးခဲ့ရပါတယ်။ ယခုအချိန်မှာလည်း ဒဏ်ရာ ပြသနာကြောင့် နယ်သာလန် လက်ရွေးစင်အသင်းနဲ့ ဝေးကွာပြီး ခြေစွမ်းပြခွင့်ဆုံးရှုံးရတော့မှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source