Sports

ရာသီသစ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့တွက် အင်္ဂလန်လက်ရွေးစင်ခံစစ်မှူးကို အာဆင်နယ် လီဗာပူးတို့နှင့်အပြိုင် ကမ်းလှမ်းသွားမယ့် ယူနိုက်တက်

ရာသီသစ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့တွက် အင်္ဂလန်လက်ရွေးစင်ခံစစ်မှူးကို အာဆင်နယ် လီဗာပူးတို့နှင့်အပြိုင် ကမ်းလှမ်းသွားမယ့် ယူနိုက်တက်

ဘရိုက်တန်အသင်းသည် အင်္ဂလန်လက်ရွေးစင်ခံစစ်မှူး ဘန်ဝှိုက်၏ ပြောင်းရွှေ့ကြေးကို ပေါင် ၅၀ ခန့် သတ်မှတ်ပြီး အသင်းကြီးများသို့ မပြောင်းရွှေ့ရန် ကြိုးစားသွားမည်ဖြစ်သည်။ ဘန်ဝှိုက်သည် လီဗာပူးနောက်ခံလူ အလက်ဇန်းဒါးအာနိုး ဒဏ်ရာကြောင့် အသင်းမှနုတ်ထွက်ခဲ့ရပြီးနောက် ဆောက်ဂိတ်၏ အင်္ဂလန်လက်ရွေးစင် ၂၆ ဦးစာရင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည်။

အဆိုပါထည့်သွင်းရွေးချယ်မှုသည် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်ခဲ့သော ဝှိုက်၏ခြေစွမ်းကြောင့် ဖြစ်ပြီး မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူးတို့ကလည်း ၎င်းကိုစိတ်ဝင်စားနေသည်။ ဘရိုက်တန်သည် အသင်း၏ အဓိက ကစားသမားဖြစ်နေသောကြောင့် ဘန်ဝှိုက်ကို တစ်ရာသီခန့် ဆက်ထိန်းသွားလိုသည်။ သို့ရာတွင် ယူရို-၂၀၂၁ ၌ ဘန်ဝှိုက် ခြေစွမ်းပြခဲ့ပါက သူ့အား ခေါ်ယူလိုသည့် အသင်းများသည် ပေါင်သန်း ၅၀ ဟူသော သတ်မှတ်ချက်ကို ကမ်းလှမ်းလာနိုင်ပြီး ဘရိုက်တန်အနေဖြင့်လည်း ထိုမျှသောတန်ဖိုးကို ငြင်းပယ်ရန် ခက်ခဲသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတချို့က အသင်းမှာ တစ်သက်လုံး ရှိနေမှာမဟုတ်ဘူး ဆိုတာတော့ သိပါတယ်။ မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးလည်းရမယ်။ သူတို့လည်း ပြောင်းချင်တယ်ဆိုရင်တော့ အသင်းက ထွက်ခွင့်ပေးမှာပါ”ဟု ဘရိုက်တန် အကြီးအကဲ ပေါဘာဘာက ပြောသည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ဘန်ဝှိုက်ကို ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် လိဒ်စ်ယူနိုက်တက်အသင်းက ကမ်းလှမ်းခဲ့သော်လည်း ဘရိုက်တန်က ငြင်းဆိုခဲ့သည်။ ဘန်ဝှိုက်၏ တန်ကြေးမှာ ယခုအခါ ထိုစဉ်ကထက်ပင် များစွာမြင့်မားသွားဖွယ်ရှိသည်။ ဘန်ဝှိုက်သည် အသင်းတွင် စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိခြင်း၊ ဘရိုက်တန်အနေဖြင့် ငွေကြေးမကျပ်တည်းနေခြင်းများကြောင့်
၎င်းကိုရောင်းထုတ်ရန် ဖိအားမရှိချေ။ ဘရိုက်တန်သည် ဘန်ဝှိုက်ကို စာချုပ်သက်တမ်းတိုးရေးပင် ကမ်းလှမ်းလာဖွယ်ရှိသည်။

မန်ယူမှ မက်ဂွိုင်းယား ဒဏ်ရာရနေချိန်တွင် ဘန်ဝှိုက်ကို ရွေးချယ်လိုက်ခြင်းအတွက် ဆောက်ဂိတ်၏ အင်္ဂလန်အသင်းသည် နောက်တန်းဗဟိုခံစစ်နေရာတွင် အင်အားပိုမိုတောင့်တင်းသွားမည်ဖြစ်သည်။

credit