Sports

စျေးကြီးတဲ့ ဆန်ချိုအစား ဆိုးလ်ရှားအတွက် ငွေကြေး အကုန်အကျ အများကြီးသက်သာစေမယ့် ကစားသမား သုံးဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေရဲ့ ပထမ ဦးစားပေး ပစ်မှတ် အဖြစ် ဒေါ့မွန် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ပစ်မှတ် ထားနေတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ကို ခေါ်ယူဖြစ်မယ်ဆိုရင် ငွေ​ကြေး အကုန်အကျ အရမ်းကို များနေပါလိမ့်မယ် ။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက်တို့ဟာ ဆန်ချိုကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု မလုပ်ခဲ့ကြသေးပေမယ့် ကစားသမားနဲ့ သဘော တူညီမှု ရရှိထားခဲ့ပြီလို့ သတင်းတွေက အကျယ်တဝင့် ဖော်ပြနေခဲ့ကြ ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ ဆန်ချိုကို မရခဲ့ရင် ဘာလုပ်ကြမလဲ ?

ယူနိုက်တက်တို့သာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ရင် အခြား တစ်ဦးတစ်ယောက်ကို အစားထိုး အဖြစ် ခေါ်ယူရမယ် ၊ ဒါမှမဟုတ် မေဆွန် ဂရင်းဝုဒ် နဲ့ပဲ ရှေ့ဆက်ရမယ် ဆိုတဲ့ အနေအထား တစ်ခု ကြုံတွေ့သွားဖို့ များနေ ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ပါက အဆိုပါ နေရာအတွက် အစားထိုးနိုင်မယ့် အကုန်အကျ သက်သာစေမယ့် ကစားသမား 3 ဦးထိ ရှိနေပါတယ် ။ အဆိုပါ ကစားသမား 3 ဦးကို ဖော်ပြပေးလိုက် ပါတယ် ။

အန်တိုနီ

အေဂျက် အသင်းဟာ ချဲလ်ဆီး အသင်းဆီ ဟာကင် ဇီယက်ချ်ကို ရောင်းထုတ်ခဲ့တဲ့နောက် အဆိုပါ နေရာကို ပြန်ပြီး အစားထိုးဖို့ အတွက် ဘရာဇီး နိုင်ငံသားကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီအတွက် ကစားသမား ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသထားနိုင်ခဲ့ပါတယ် ။

သူဟာ ဆော်ပေါ်လို အသင်းမှ အေဂျက်ဇ်ဆီ ရောက်လာခဲ့ပြီး အခုလို စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ အတွက် အေဂျက်စ် အသင်းရဲ့ ကင်းထောက်မှု စွမ်းရည်ဟာ ချီးကျူးစရာ ဖြစ်ခဲ့ရ ပါတယ် ။ အန်တိုနီဟာ အသက် 21 နှစ်သာ ရှိသေးတဲ့ ဘယ်ခြေသန် ကစားသမားပဲ ဖြစ်ပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း အေဂျက်ဇ် အသင်း အတွက် 24 ကြိမ် ပွဲထွက် ကစားပေးခဲ့ပြီး 9 ဂိုး သွင်းယူ 8 ကြိမ်ထိ ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ ပါတယ် ။ သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် 22.5 သန်းသာ ကုန်ကျလိမ့်မယ်လို့ သိနေရပါတယ် ။

အေဂျက်ဇ် အသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီက သူ့ကို ပေါင် 13 သန်းနဲ့ ဆော်ပေါ်လို အသင်းကနေ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

အူစမာနီ ဒမ်ဘီလီ

ပြင်သစ် လက်ရွေးစင် ကစားသမားလေး ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ မကြာခန သတင်းတွေ ထွက်ခဲ့ဖူးတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုထိ ထူးခြားမှု မရှိခဲ့သေးတာ အားလုံး အသိပါပဲ ။

သူဟာ ကတ်တလန်မြေကို စရောက် ကတည်းက ကြံ့ခိုင်မှု ညံ့ခဲ့သလို အကောင်းဆုံး ပုံစံ ပြသဖို့လည်း ရုန်းကန်နေခဲ့ရ ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ အနေအထိုင် ၊ အပြုအမူတွေကြောင့် အသင်းရဲ့ တာဝန် ရှိသူတွေရဲ့ သဘောမကျမှုတွေလည်း မကြာခန ပိုင်ဆိုင်ခဲ့ရ ပါတယ် ။

ဒါ့ကြောင့်လည်း ဘာစီလိုနာ အသင်းက ကစားသမားကို ရောင်းထုတ်လို့ ရနိုင်ပါက ရောင်းချ သွားဖို့ အသင့် ရှိနေတာပဲ ဖြစ်ပါတယ် ။ ဒီလို လုပ်ဆောင်လိုမယ်ဆိုရင်တော့ ဘာစီလိုနာ အသင်းဖက်မှ အရှုံးများသွားပါလိမ့်မယ် ။

ဒမ်ဘီလီဟာ နေမာရဲ့ နေရာကို အစားထိုးဖို့ ဘာစီလိုနာ အသင်းဆီ ပေါင် 136 သန်း ဝန်းကျင်နဲ့ ရောက်လာခဲ့ပေမဲ့ လက်ရှိ စျေးကွက်ထဲမှာတော့ ပေါင် သန်း 50 ခန့်သာ တန်ကြေး ရှိနေပါတော့တယ် ။

အာမတ် ဒီယာလို

သူကတော့ မန်ချက်စတာ ယူနိုက်တက်တို့ ပိုင်ဆိုင်ပြီးသား ကစားသမားလေးပဲ ဖြစ်ပါတယ် ။ ဒီယာလိုဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ဇန်နဝါရီမှာ အိုးလ် ထရပ်ဖို့ဒ်ဆီ ရောက်လာခဲ့သူပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ပွဲထွက် ကစားခွင့်တွေကတော့ အတော်လေး နည်းပါးခဲ့ ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ သူဟာ ကစားခွင့် ရရှိခဲ့တဲ့ အခိုက်အတန့် တွေမှာ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည် အချို့ ပြသထားနိုင်ခဲ့ ပါတယ် ။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အိုင်ဗရီကို့စ် အသင်း အတွက် လူစားဝင် ကစားပေးခဲ့ပြီး အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အတွက် အနာဂတ်မှာ ထွန်းတောက် လာလိမ့်မယ်လို့ အိုင်ဗရီကို့စ် ဂန္ဓဝင် ဒရော့ဘာရဲ့ ချီးကျူးမှု ကိုလည်း ရရှိထားခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက်တို့ အနေနဲ့ လက်ရွေးစင် အသင်းမှာ ဒီယာလို ခြေစွမ်း ဆက်ပြနိုင်မလား ၊ စီနီယာ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ထိုက်တန်သူ ဖြစ်ရဲ့လားဆိုတာကို စောင့်ကြည့်ရပါတော့မယ် ။ ဒီယာလိုသား ထူးကဲတဲ့ ခြေစွမ်းတွေ ပြနိုင်ခဲ့ရင် ညာ တောင်ပံ တိုက်စစ် အတွက် ယူနိုက်တက်တို့ ငွေကုန်ရမှာ မဟုတ်တော့ပါဘူး ။

#Sports_Myanmar