Sports
” ရီးရဲမက်ဒရစ် အသင်းမှ ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား ဗာရာနီကို 1 နစ် လုပ်ခ လစာ 12 သန်းပေးချေကာ တရားဝင် ကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ ယူနိုက်တက် “
စပိန်ကြယ်ပွင့် နောက်တန်း ကစားသမား ရာမို့ နဲ့တွဲဖက်ပြီး ကမ္ဘာ့အဆင့်နောက်တန်း ကစားသမား စာရင်းဝင်ခဲ့တဲ့ ဗာရာနီကို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပြီး ယူနိုက်တက်ပေးချေမယ့်လုပ်ခလစာထက် ပိုပေးဖို့လည်း အသင့်ဖြစ်နေပါတယ်။
Unicode
ယူနိုက်တက်အသင်း သည် ရီးရဲမက်ဒရစ် အသင်းမှ ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား ဗာရာနီကို 1 နစ် လုပ်ခ လစာ 12 သန်းအထိပေးချေကာ တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ သိရဘာတယ်။
လာမယ့်ရာသီအတွက် သူတို့ရဲ့အဓိ ခေါ်ယူဘို့. စိတ်ဝင်စား နေခဲ့တဲ့ ဗာရာနီကို ယူနိုက်တက်က အလေးအနက်ထားစောင့်ကြည့်မှုတွေပြုလုပ်နေခဲ့တာကြာမြင့်နေခဲ့ပြီလည်းဖြစ်ပါတယ်။
ဗာရာနီ သည် ရီးရဲမက်ဒရစ် အသင်းနဲ့အနာဂတ်မသေမချာဖြစ်နေပြီး အသင်းကထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ပြင်သစ်နဲ့အတူ ယူရိုပြိုင်ပွဲကစားဖို့ရှိနေတဲ့ ဗာရာနီရဲ့ အနာဂတ်ကို ရီးရဲမက်ဒရစ် ကိုယ်တိုင်လည်း မသိရသေးဘူးလို့ ဆိုပါတယ်။ ယူနို်က်တက်ရဲ့ ကမ်းလှမ်းမှု သည် မက်မောလောက်စရာကမ်းလှမး်မှုဖြစ်နေပြီး 1 ပတ် လုပ်ခ 2 သိန်းခွဲအထိ ရရှိမှာလည်းဖြစ်ပါတယ်။
စပိန်ကြယ်ပွွင့် နောက်တန်း ကစားသမား ရာမို့ နဲ့တွဲဖက်ပြီး ကမ္ဘာ့အဆင့်နောက်တန်း ကစားသမား စာရင်းဝင်ခဲ့တဲ့ ဗာရာနီကို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပြီး ယူနိုက်တက်ပေးချေမယ့်လုပ်ခလစာထက် ပိုပေးဖို့လည်း အသင့်ဖြစ်နေပါတယ်။
ဒါပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်ကို ပိုမိုပြောင်းရွှေ့ချင်စိတ်ရှိနေပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ဖွင့်ဟထားတာကြောင့် ယူနိုက်တက်အတွက် အလေးသာမှုအနည်းငယ်ရှိနေကာ ရီးရဲမက်ဒရစ် ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရာမို့ ကိုလည်း အလွတ်ထွက်ခွာခွင့်ပြုရဖွယ်ရှိနေတဲ့ ရီးရဲမက်ဒရစ် သည် ဘိုင်ယန်မြူးနစ် အသင်းမှ သြစတီးယား ကြယ်ပွင့် နောက်တန်း ကစားသမား အလာဘာကို ခေါ်ယူထားပြီး နောက်တန်းမှာ မီလီတာအိုနဲ့ တွဲဖက်ပေးဖွယ်ရှိနေပါတယ်။
အန်ဆယ်လော့တီ သည် ဗာရာနီက အသင်းမှာဆက်လက်ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်နေပေမယ့် ယူနိုက်တက်ကပေးမယ့် ခံစားခွင့်က မြင့်မားနေတာကြောင့် ဗာရာနီ အတွက်တော့ စိတ်ဝင်စားဖွယ်ရာကောင်းနေပြီး ယူရိုအပြီးမှာ သူ့အနာဂတ်ကိုဆုံးဖြတ်သွားဖွယ်ရာရှိနေပါတယ်။
#Ap Nge Lay
#Everbest Sport