Sports

ယူနိုက်တက် ခေါ်ယူဖို့ စီစဉ် နေတဲ့ ပြင်သစ်လိဂ်ချန်ပီယံ လူငယ်ကစားသမား

ယူနိုက်တက် ခေါ်ယူဖို့ စီစဉ် နေတဲ့ ပြင်သစ်လိဂ်ချန်ပီယံ လူငယ်ကစားသမား(skill vd) ပါ၀င်သည်

လိုင်လီအသင်းနောက်ခံလူ ဇီခီဆီလစ်ခ် ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့

ပရီးမီးယားလိဂ် အသင်း(၃)သင်းက အပြိုင်ကြိုးစားနေတယ်လို့ သတင်း‌တွေမှာ ဖော်ပြထားပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိ ကစားသမားဟာ ပြင်သစ်မှာ ခြေစွမ်းပြပြီး ဒီရာသီမှာ လိုင်လီ အသင်း

ကို ပီအက်စ်ဂျီ အသင်းရဲ့အထက် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုရရှိ‌

အောင် စွမ်းဆောင်ပေးထားတာလည်းဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲမှာ တူရကီလက်ရွေးစင်

အသင်းကို ကိုယ်စားပြုပါဝင်ကစားမယ့် အဆိုပါညာနောက်ခံလူကို ခေါ်ယူဖို့ အင်္ဂလန်ကလပ်

အသင်း(၃)သင်းအပါအဝင် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းအချို့က

စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။Evening Standard ရဲ့ဖော်ပြချက်အရ

လိုင်လီနောက်ခံလူကို ခေါ်ယူဖို့ အာဆင်နယ်၊မန်ချက်စတာယူနိုက်တက်နဲ့ စပါး အသင်းတို့က

ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုထားတာဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ

ဇီခီဆီလစ်ခ် အနေနဲ့ မကြာခင်ရက်သတ္တပတ်အတွင်းမှာ သူ့ရဲ့နိုင်ငံဖြစ်တဲ့

တူရကီနိုင်ငံအပေါ် သူ့ခြေစွမ်းနဲ့ အကျိုးသက်ရောက်မှုတွေရှိမယ်ဆိုရင်လည်း လိုင်လီ အသင်းက

ပေါင်(၁၃)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းလာရင် လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုတာပါ။

အင်တာမီလန် အသင်းကလည်း သူတို့ညာနောက်ခံလူ ဟာကီမီ ဟာ ပီအက်စ်ဂျီ

အသင်းကို ပြောင်းရွှေ့သွားမယ်ဆိုရင် အစားထိုးဖို့ အခြေအနေစောင့်ကြည့်နေတာဖြစ်ပါတယ်။

(၂၀၁၈) က အစ္စတန်ဘူလ်စပေါ အသင်းကနေ ရောက်ရှိလာတဲ့ ဇီခီဆီလစ်ခ် ဟာ

လိုင်လီ အသင်းအတွက် ပြိုင်ပွဲစုံ(၈၄)ပွဲပါဝင်ကစားထားပြီး (၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Credit

ZAWGYI

















