Local News Sports

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ လာမယ့် 2021-22 ရာသီသစ်ရဲ့ အပေါ်ဝတ်ဂျာကင် မိတ်ဆက်ကြော်ငြာမှာ ပါဝင်လာတဲ့ မြန်မာ မော်ဒယ်လ် မေမြတ်နိုး..

အီတလီစီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းရဲ႔ လာမယ့္ 2021-22 ရာသီသစ္ရဲ႔ အေပၚဝတ္ဂ်ာကင္ မိတ္ဆက္ေၾကာ္ျငာမွာ ပါဝင္လာတဲ့ ျမန္မာ ေမာ္ဒယ္လ္ ေမျမတ္ႏုိး..

အီတလီစီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္း လာမယ့္ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီသစ္မွာ ဝတ္ဆင္မယ့္အေပၚဝတ္ ဂ်ာကင္အက်ႌကို မိတ္ဆက္ေၾကာ္ျငာခဲ့ရာမွာ ျမန္မာေမာ္ဒယ္တစ္ဦးျဖစ္တဲ့ ေမျမတ္ႏိုး ပါဝင္လာခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစတဲ့ ပလပ္စတစ္ညစ္ညမ္းမႈကို ကာကြယ္ဖို႔ Polyester အသုံးျပဳ ခ်ဳပ္လုပ္ထားၿပီး Polyester ၆၇ ရာခိုင္ႏႈန္း၊ ဝါဂြမ္း ၃၃ ရာခိုင္ႏႈန္းနဲ႔ ေပါင္းစပ္ဖန္တီးထားတဲ့ အက်ႌျဖစ္ေၾကာင္း ဂ်ဴဗင္တပ္နဲ႔ အာကစားဝတ္စုံဆိုင္ရာ စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ အက္ဒီးဒတ္စ္က သတင္းထုတ္ျပန္ထားပါတယ္။

ဂ်ဴဗင္တပ္ဟာ လာမယ့္ရာသီသစ္မွာ ဝတ္ဆင္မယ့္ အားကစားဝတ္စုံေတြကို အသင္းကစားသမားေတြနဲ႔အတူ နာမည္ႀကီးေမာ္ဒယ္တစ္ခ်ိဳ႕ကိုပါ ေခၚယူမိတ္ဆက္ခဲ့ၿပီး အဲ့ဒီေမာ္ဒယ္ေတြထဲမွာ ေမျမတ္ႏိုးကလည္း တစ္ဦး အပါအဝင္ျဖစ္ခဲ့ပါတယ္။

အက္ဒီးဒတ္စ္ အားကစားအသုံးအေဆာင္ ထုတ္လုပ္ေရးလုပ္ငန္းစုဟာ ေမျမတ္ႏိုးနဲ႔မိတ္ဆက္ေၾကာ္ျငာခဲ့တဲ့ အေပၚဝတ္ဂ်ာကင္အက်ႌကို ယူ႐ို ၉၀ တန္ေၾကးသတ္မွတ္ၿပီး ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။

ေမျမတ္ႏိုးဟာ လက္ရွိမွာေတာ့ အီတလီဖက္ရွင္ေလာကအတြင္း ေအာင္ျမင္မႈေတြ စတင္ရရွိေနၿပီျဖစ္ၿပီး ကုန္ပစၥည္း ေၾကာ္ျငာတခ်ိဳ႕နဲ႔ ဓာတ္ပုံ႐ိုက္ကူးမႈတခ်ိဳ႕ကို လက္ခံေဆာင္႐ြက္ခြင့္ရရွိေနၿပီျဖစ္ပါတယ္။

သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္
crd
Unicode

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ လာမယ့် 2021-22 ရာသီသစ်ရဲ့ အပေါ်ဝတ်ဂျာကင် မိတ်ဆက်ကြော်ငြာမှာ ပါဝင်လာတဲ့ မြန်မာ မော်ဒယ်လ် မေမြတ်နိုး..

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်း လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်မှာ ဝတ်ဆင်မယ့်အပေါ်ဝတ် ဂျာကင်အင်္ကျီကို မိတ်ဆက်ကြော်ငြာခဲ့ရာမှာ မြန်မာမော်ဒယ်တစ်ဦးဖြစ်တဲ့ မေမြတ်နိုး ပါဝင်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပလပ်စတစ်ညစ်ညမ်းမှုကို ကာကွယ်ဖို့ Polyester အသုံးပြု ချုပ်လုပ်ထားပြီး Polyester ၆၇ ရာခိုင်နှုန်း၊ ဝါဂွမ်း ၃၃ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ အင်္ကျီဖြစ်ကြောင်း ဂျူဗင်တပ်နဲ့ အာကစားဝတ်စုံဆိုင်ရာ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ အက်ဒီးဒတ်စ်က သတင်းထုတ်ပြန်ထားပါတယ်။

ဂျူဗင်တပ်ဟာ လာမယ့်ရာသီသစ်မှာ ဝတ်ဆင်မယ့် အားကစားဝတ်စုံတွေကို အသင်းကစားသမားတွေနဲ့အတူ နာမည်ကြီးမော်ဒယ်တစ်ချို့ကိုပါ ခေါ်ယူမိတ်ဆက်ခဲ့ပြီး အဲ့ဒီမော်ဒယ်တွေထဲမှာ မေမြတ်နိုးကလည်း တစ်ဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။

အက်ဒီးဒတ်စ် အားကစားအသုံးအဆောင် ထုတ်လုပ်ရေးလုပ်ငန်းစုဟာ မေမြတ်နိုးနဲ့မိတ်ဆက်ကြော်ငြာခဲ့တဲ့ အပေါ်ဝတ်ဂျာကင်အင်္ကျီကို ယူရို ၉၀ တန်ကြေးသတ်မှတ်ပြီး ရောင်းချသွားဖို့ ရှိနေပါတယ်။

မေမြတ်နိုးဟာ လက်ရှိမှာတော့ အီတလီဖက်ရှင်လောကအတွင်း အောင်မြင်မှုတွေ စတင်ရရှိနေပြီဖြစ်ပြီး ကုန်ပစ္စည်း ကြော်ငြာတချို့နဲ့ ဓာတ်ပုံရိုက်ကူးမှုတချို့ကို လက်ခံဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
crd :