Sports

စီရော်နယ်ဒို နဲ့ ဘရူနိုတို့ရယ့် သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပေါ်တူဂီအသင်း

ပေါ်တူဂီ လက်ရွေးစင်အသင်းကတော့ အစ္စရေးအသင်းနဲ့ ခြေစမ်းပွဲမှာ ဘရူနို၊ ရော်နယ်ဒို၊ ကန်ဆယ်လိုတို့ရယ့် သွင်းဂိုးများနှင့်အတူ လေးဂိုး သုည ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်း 42မိနစ်မှာ ကန်ဆယ်လိုရယ့် ပေးပို့မှုကနေ လှလှပပ ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာဘဲ ဘရူနိုရယ့် ပေးပို့မှုကနေ ရော်နယ်ဒိုကလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပေါတူဂီအနေနဲ့ အသင်းကြီး ပီပီ ပွဲချိန်တော်တော်များများ ဖိကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲချိန် 86မိနှစ်မှာ ကန်ဆယ်လိုရယ့် သွင်းဂိုးကတော့ အလွန်လှပခဲ့ပါတယ်။ ဒုတိယပိုင်းပြည့်လို့ အချိန်ပိုမှာ ဘရူနိုရယ့် ဧရီယာထိပ်ကနေ ကန်သွင်းခဲ့တဲ့ ဖရီးကစ်ကတော့ ပြောစရာမလိုအောင် လှပခဲ့ပြီး နောက်ဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်ပရိတ်သတ်တွေရယ့် အချစ်တော်တွေဖြစ်တဲ့ ဘရူနို နဲ့ ရော်နယ်ဒို အတွဲကို ပရိတ်သတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာ မြင်တွေ့ရမှာပါ။ ယူရို2020မှာလည်း ပေါ်တူဂီတို့ ဘယ်လိုနိုင်ပွဲတွေ ယူသွားမလဲ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source