Sports

ပေါ်တူဂီမှာ နှစ်ဂိုးသွင်းပြပြီး တစ်လုံးဖန်ပေးလိုက်တဲ့ ဘရူနိုက ရော်နယ်လ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ဆီ ဆွဲဆောင်ပြီလား…

– ပေါ်တူဂီအသင်းက အစ္စရေးလ်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုယ်တိုင် နှစ်ဂိုးသွင်းပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် တစ်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းက ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို အိုးလ်ထရက်ဖို့ဒ်ဆီ ဆွဲဆောင်ဖို့ လုံလောက်နေပြီလို့ ပရိသတ်တွေ ရင်ခုန်နေခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ပစ်မှတ်တွေကတော့ တဖြည်းဖြည်း ကွဲပြားလာခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ရာဖေးလ် ဗာရွန်းနဲ့ အတ္တလန်တာရဲ့ ခရစ္စတီယန် ရိုမဲရိုးတို့နှစ်ဦးထဲကပဲ ခေါ်ယူသွားနိုင်သလို အင်္ဂလန်ငယ်မွေးခြံပေါက်အတွက် စဉ်းစားရင်တော့ ဘရိုက်တန်က ဘန်ဝှိုက်ကို ထည့်သွင်းပြီး စာရင်းပိတ်ရဖွယ်ရှိနေ။

– ဂျေဒန် ဆန်ချိုအတွက် ဒေါ့မွန်အသင်းဘက်က တောင်းဆိုတဲ့ ဈေးနှုန်းနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက ပေါင်ဆယ်သန်း ကွာဟနေပြီး အိုးလ်ထရက်ဖို့ဒ်ဘက်က တာဝန်ရှိသူတွေအနေနဲ့ သူတို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ပါနေတဲ့ ကစားသမားကြောင့် ပေါင်သန်း ၇၀ ထက် ပိုမပေးတော့ဘူးလို့ ဆုံးဖြတ်ထားကြောင်း သတင်းထွက်လာ။

– ယူနိုက်တက်နောက်ခံလူ လုခ်ရှောအနေနဲ့ လာမယ့် အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဘယ်နောက်ခံ အတွင်းလူအဖြစ် သုံးယောက်တန်းခံစစ်မှာ ပွဲထွက်ရဖွယ်ရှိနေပြီး လက်ရွေးစင်အသင်းဆီ တစ်ခါမှ ကစားဖူးသေးတဲ့ ပုံစံသစ်မှာ ခြေစွမ်းပြနိုင်ပါ့မလားလို့ စိုးရိမ်စရာဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့အထဲမှာ ပြင်သစ်အသင်းဖော် တချို့ရဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းစည်းရုံးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သတင်းထွက်လာခဲ့ပြီး ကင်းစလီ ကိုမွန်နဲ့ ပရက်စ်နဲလ် ကင်ပမ်ဘီတို့ရဲ့ စနောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရ။

– လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားတဲ့ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို ပီအက်စ်ဂျီအသင်းက သိမ်းပိုက်သွားခြင်းမှာ မန်ချက်စတာ ယူနိုက်တက်အတွက်တော့ သတင်းဆိုးဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ နယ်သာလန်သားကို မရရှိခဲ့တဲ့အတွက် ကွင်းလယ်လူ အယ်လေ့စ် မိုရီဘာကို ရောင်းချဖို့ ဖြစ်နိုင်ခြေနည်းလာ။

– မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်း ရီယို ဖာဒီနန်က အသင်းရဲ့ အင်္ဂလန်ကစားသမားတွေအနေနဲ့ လက်ရွေးစင်ကို သွားရောက်ရာမှာ အသင်းဘက်က ထုတ်မပြောလိုက်ပေမယ့် တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပြီး ဒါဟာ ဟာရီကိန်းနဲ့ ဆန်ချိုတို့ကို အသင်းဆီ ပြောင်းရွှေ့လာချင်အောင် စည်းရုံးဖို့ပဲလို့ မက်ဂွိုင်းယား၊ လုခ်ရှော၊ ရက်ရှ်ဖို့ဒ်နဲ့ ဟန်ဒါဆန်တို့ကို မှာကြားသွားခဲ့။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာမယ့် နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ရရှိနိုင်ရင် ဘုရားပေးတဲ့ ဆုလာဘ်ပဲဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုနေကြချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချရဖွယ်ရှိလာ။

– စပါးစ်အသင်းရဲ့ အားကစားဒါရိုက်တာသစ်ဖြစ်လာဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်စ်ရဲ့ ဖာဘီယို ပါရာတီချီအနေနဲ့ ကွင်းလယ်လူ ဟာရီ ဝင့်ခ်စ်ကို ရောင်းချသွားလိမ့်မယ်လို့ Football Insider က ဖော်ပြခဲ့ပြီး ပေါင် ၂၅ သန်းနဲ့ သန်း ၃၀ ကြားမှာ အရောင်းအဝယ်ဖြစ်နိုင်ဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘာနေဗျူးမှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းရဲ့ သတ်မှတ်ဈေးကို ပေါင် ၄၃ သန်းအထိ လျှော့ချပေးလိုက်ပြီလို့ သတင်းထွက်ပေါ်နေပြီး ယူနိုက်တက်တို့အနေနဲ့ အတ္တလန်တာရဲ့ ပေါင် ၃၈ သန်းတန် ရိုမဲရိုးနဲ့ အသက်အရွယ်၊ အတွေ့အကြုံတွေမှာ ချိန်ထိုးရွေးချယ်ရဖို့ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.