Sports

ယူရိုပြိုင်ပွဲအတွက် ကြီးမားတဲ့ပြိုင်ဆိုင်မှု့ကို လှစ်ဟပြလိုက်တဲ့ ဘရူနို နဲ့ ပေါဂ့်ဘာ

ယူႏိုက္တဒ္ ရဲ႕ အဓိက ကြင္းလယ္ကစားသမား ႏွစ္ေယာက္ ျဖစ္တဲ့ ေပါဂ့္ဘာ နဲ႔ ဘ႐ူႏို တို႔ကေတာ့ လက္ရွိယွဥ္ၿပိဳင္ကစားေတာ့မယ့္ ယူ႐ိုၿပိဳင္ပြဲႀကီးအတြင္း ႀကီးမားတဲ့ ၿပိဳင္ဆိုင္မႈ႕ထုထည္ တစ္ခုကို ဖန္တီးတည္ေဆာက္လာၾကပါတယ္။ လက္ရွိ ခ်န္ပီယံ ေပၚတူဂီ ရဲ႕အဓိက ေစာင့္ၾကည့္ရမယ့္ ေမာင္းႏွင္အားတစ္ခု ျဖစ္လာတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ ကမာၻ႔ခ်န္ပီယံ ျပင္သစ္ ကို ခ်ဳပ္ကိုင္ ႀကိဳးဆြဲေစမယ့္ ေပါဂ့္ဘာ တို႔ၾကား ပုဂၢိဳလ္ေရးခင္မင္မႈ႕ ႀကီးမားစြာ ရွိေနသည့္တိုင္ ႏိုင္ငံအသင္းၾကားက ၿပိဳင္ဆိုင္မႈ႕နဲ႔အတူ ဒီႏွစ္ေယာက္ အတြက္လည္း က်ဥ္းထဲက်ပ္ထဲ အေျခအေနကို ေရာက္လာမွာ အေသခ်ာပါပဲ။ ျပင္သစ္ေရာ ေပၚတူဂီေရာ ဟာ အုပ္စုမရဏ လို႔ သတ္မွတ္ထားတဲ့ အုပ္စုအတြင္း ဂ်ာမဏီ ပါေရာေႏွာၿပီး ရွိေနတာကလည္း ဒီႏွစ္ေယာက္ အတြက္ ပိုၿပီး ဖိအားမ်ားျပားေစမွာေသခ်ာပါတယ္။

ေပါဂ့္ဘာ က ျပင္သစ္ အတြက္ ဂိုးသြင္းတာဝန္ ထက္ ခံစစ္ပိုင္းနဲ႔ ကြင္းလယ္ကေန ပံပိုးမႈ႕အပိုင္းတို႔ကို အဓိက တာဝန္ယူရၿပီး ကန္ေတ၊ဂရဇ္မန္း၊ ဘန္ဇီမာ၊အမ္ဘာေပး တို႔ရဲ႕ဝန္းရံ႕မႈ႕နဲ႔အတူ ပိုၿပီး ေျခစြာေလ့ရွိပါတယ္။ ဘူလ္ေဂးရီးယား ကို အႏိုင္ရတဲ့ပြဲအပါဝင္ လက္ရွိ ျပင္သစ္ ရဲ႕ပြဲေတြမွာ တစ္ေက်ာ့ျပန္ တိုက္စစ္မႈး ဘန္ဇီမာ နဲ႔ အတြဲဖက္ညီေနသလို အမ္ဘာေပး၊ဂရဇ္မန္း တို႔ေၾကာင့္လည္း ကစားရတာ ပိုၿပီးေခ်ာင္လည္ေစပါတယ္။ တစ္ဦးခ်င္း ယွဥ္ၿပိဳင္ဖို႔ခက္တဲ့ ေပါဂ့္ဘာ ရဲ႕ ေဘးမွာ ကန္ေတ လို ကြင္းလယ္ လူ ရွိေနေစတာကလည္း ၿပိဳင္ဘက္ေတြအတြက္ အိမ္မက္ဆိူးျဖစ္ၿပီး ျပင္သစ္ေပါဂ့္ဘာ ဆိုတာ အရာအားလုံးၿပီးျပည့္စုံတဲ့ ကြင္းလယ္လူလို႔ဆိုရႏိုင္ပါတယ္။

ေပါဂ့္ဘာ ရဲ႕တစ္ဖက္မွာေတာ့ ဘ႐ူႏို ဟာ ျပင္သစ္ေလာက္ ဝန္းရံ႕မႈ႕မေကာင္းတဲ့ အေျခအေနကို ေရာက္ရွိေနပါတယ္။ ေတာင့္တင္းတဲ့လူစာရင္းရွိေနသည့္တိုင္ (၃၅)ႏွစ္အ႐ြယ္ တိုက္စစ္မႈး ေရာ္နယ္ဒို ကိုသာ အားထားရမွာျဖစ္ၿပီး ကြင္းလယ္မွာလည္း လုပ္အားႏႈန္းကိုသာအေျချပဳတည္ေဆာက္ထားပါတယ္။ဒါေပမယ့္လည္း ဘ႐ူႏို က စိန္ေခၚမႈ႕ေတြကို ကိုယ့္ဒူးကိုယ္ခြၽန္ေက်ာ္ျဖတ္တတ္သူပီပီ အစၥေရး နဲ႔ ပြဲမွာ ႏွစ္ဂိုးသြင္း၊တစ္ဂိုးဖန္တီးၿပီး သူဟာလည္း ယူ႐ိုအတြက္ အသင့္ ရွိေနေၾကာင္းထုတ္ျပခဲ့ပါတယ္။

ယခုရာသီ မွာ (၂၈)ဂိုးသြင္းၿပီး(၁၈)ဂိုးဖန္တီးကာ ပရီးမီးယားလိဂ္ရဲ႕ဂိုးသြင္းအမ်ားဆုံး ကြင္းလယ္လူ ျဖစ္လာတဲ့ေနာက္ ဘ႐ူႏို ကို ေပၚတူဂီ ရဲ႕ ထိပ္တန္းဂိုးသြင္းအျဖစ္ ယူ႐ိုၿပိဳင္ပြဲမွာ ေတာက္ပလာမယ္လို႔သတ္မွတ္ထားၾကၿပီး ေပါဂ့္ဘာ နဲ႔ ဘ႐ူႏို ၾကား အုပ္စုကေန တက္သြားေအာင္ဘယ္သူက တြန္းပို႔ႏိုင္မလည္းဆိုတာကစိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

unicode

ယူနိုက်တဒ် ရဲ့ အဓိက ကွင်းလယ်ကစားသမား နှစ်ယောက် ဖြစ်တဲ့ ပေါဂ့်ဘာ နဲ့ ဘရူနို တို့ကတော့ လက်ရှိယှဉ်ပြိုင်ကစားတော့မယ့် ယူရိုပြိုင်ပွဲကြီးအတွင်း ကြီးမားတဲ့ ပြိုင်ဆိုင်မှု့ထုထည် တစ်ခုကို ဖန်တီးတည်ဆောက်လာကြပါတယ်။ လက်ရှိ ချန်ပီယံ ပေါ်တူဂီ ရဲ့အဓိက စောင့်ကြည့်ရမယ့် မောင်းနှင်အားတစ်ခု ဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ် နဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ် ကို ချုပ်ကိုင် ကြိုးဆွဲစေမယ့် ပေါဂ့်ဘာ တို့ကြား ပုဂ္ဂိုလ်ရေးခင်မင်မှု့ ကြီးမားစွာ ရှိနေသည့်တိုင် နိုင်ငံအသင်းကြားက ပြိုင်ဆိုင်မှု့နဲ့အတူ ဒီနှစ်ယောက် အတွက်လည်း ကျဉ်းထဲကျပ်ထဲ အခြေအနေကို ရောက်လာမှာ အသေချာပါပဲ။ ပြင်သစ်ရော ပေါ်တူဂီရော ဟာ အုပ်စုမရဏ လို့ သတ်မှတ်ထားတဲ့ အုပ်စုအတွင်း ဂျာမဏီ ပါရောနှောပြီး ရှိနေတာကလည်း ဒီနှစ်ယောက် အတွက် ပိုပြီး ဖိအားများပြားစေမှာသေချာပါတယ်။

ပေါဂ့်ဘာ က ပြင်သစ် အတွက် ဂိုးသွင်းတာဝန် ထက် ခံစစ်ပိုင်းနဲ့ ကွင်းလယ်ကနေ ပံပိုးမှု့အပိုင်းတို့ကို အဓိက တာဝန်ယူရပြီး ကန်တေ၊ဂရဇ်မန်း၊ ဘန်ဇီမာ၊အမ်ဘာပေး တို့ရဲ့ဝန်းရံ့မှု့နဲ့အတူ ပိုပြီး ခြေစွာလေ့ရှိပါတယ်။ ဘူလ်ဂေးရီးယား ကို အနိုင်ရတဲ့ပွဲအပါဝင် လက်ရှိ ပြင်သစ် ရဲ့ပွဲတွေမှာ တစ်ကျော့ပြန် တိုက်စစ်မှုး ဘန်ဇီမာ နဲ့ အတွဲဖက်ညီနေသလို အမ်ဘာပေး၊ဂရဇ်မန်း တို့ကြောင့်လည်း ကစားရတာ ပိုပြီးချောင်လည်စေပါတယ်။ တစ်ဦးချင်း ယှဉ်ပြိုင်ဖို့ခက်တဲ့ ပေါဂ့်ဘာ ရဲ့ ဘေးမှာ ကန်တေ လို ကွင်းလယ် လူ ရှိနေစေတာကလည်း ပြိုင်ဘက်တွေအတွက် အိမ်မက်ဆိူးဖြစ်ပြီး ပြင်သစ်ပေါဂ့်ဘာ ဆိုတာ အရာအားလုံးပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ဆိုရနိုင်ပါတယ်။

ပေါဂ့်ဘာ ရဲ့တစ်ဖက်မှာတော့ ဘရူနို ဟာ ပြင်သစ်လောက် ဝန်းရံ့မှု့မကောင်းတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ တောင့်တင်းတဲ့လူစာရင်းရှိနေသည့်တိုင် (၃၅)နှစ်အရွယ် တိုက်စစ်မှုး ရော်နယ်ဒို ကိုသာ အားထားရမှာဖြစ်ပြီး ကွင်းလယ်မှာလည်း လုပ်အားနှုန်းကိုသာအခြေပြုတည်ဆောက်ထားပါတယ်။ဒါပေမယ့်လည်း ဘရူနို က စိန်ခေါ်မှု့တွေကို ကိုယ့်ဒူးကိုယ်ချွန်ကျော်ဖြတ်တတ်သူပီပီ အစ္စရေး နဲ့ ပွဲမှာ နှစ်ဂိုးသွင်း၊တစ်ဂိုးဖန်တီးပြီး သူဟာလည်း ယူရိုအတွက် အသင့် ရှိနေကြောင်းထုတ်ပြခဲ့ပါတယ်။

ယခုရာသီ မှာ (၂၈)ဂိုးသွင်းပြီး(၁၈)ဂိုးဖန်တီးကာ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံး ကွင်းလယ်လူ ဖြစ်လာတဲ့နောက် ဘရူနို ကို ပေါ်တူဂီ ရဲ့ ထိပ်တန်းဂိုးသွင်းအဖြစ် ယူရိုပြိုင်ပွဲမှာ တောက်ပလာမယ်လို့သတ်မှတ်ထားကြပြီး ပေါဂ့်ဘာ နဲ့ ဘရူနို ကြား အုပ်စုကနေ တက်သွားအောင်ဘယ်သူက တွန်းပို့နိုင်မလည်းဆိုတာကစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Credit