စူပါလိဒ်မှာ ဆက်ရှ်ိနေအုံးမယ့်တစ်ချိန်က ရဲရဲတောက်သရဲနီတပ်သားဟောင်းကြီး ဖယ်လိုင်နီ

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘယ်ဂျီယံသား ဖယ်လိုင်နီကတော့ တရုတ်စူပါလိဒ် က ကလပ်အသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ သရဲနီတပ်သားဟောင်း ဖယ်လိုင်နီ ကတော့ 2019ခုနှစ်ကနေ Shandong Luneng အသင်းကို ပြောင်းရွေ့ခဲ့ပြီး ယခုအခါမှာတော့ လေးနှစ် စာချုပ်သက်တမ်းတိုးခဲ့ပြီဖြစ်ပါတယ်။

ဖယ်လိုင်ကို 2013ခုနှစ်မှာ အဲဗာတန်အသင်းကနေ နည်းပြကြီး ဒေးဗစ်မိုးရက်စ်က ‌ယူနိုက်တက်ကို ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်နှင့်အတူ ခြေစွမ်းပြခဲ့ပြီး ကွင်းလယ်မှာ ကြမ်းကြမ်းတမ်းတမ်း ကစားပုံက ပရိတ်သတ်တွေ သဘောကျစေခဲ့ပါတယ်။ သူပါတဲ့ ပွဲစဉ်တိုင်းမှာ ကွင်းလယ်အဖြတ်နေရာမှာ လွန်စွာ ကောင်းမွန်ခဲ့ပြီ လိုအပ်ရင် ဂိုးတွေလည်းသွင်းယူနိုင်တဲ့ ဘယ်ဂျီယံသားကြီး တစ်ဦးပါ။ ဖယ်လိုင်နီဟာ ယူနိုက်တက်နှင့်အတူ Fa cupတစ်ကြိမ်၊ EFL Cupတစ်ကြိမ်၊ FA Community Shield တစ်ကြိမ် ၊ ယူရိုပါလိဒ် တစ်ကြိမ် စုစုပေါင်း ဖလားလေးလုံး ရယူချိန် အတူရှိနေခဲ့ပါတယ်။

နည်းပြဆိုးရှားလ် လက်ထက်မှာတော့ ယူနိုက်တက်ကနေ တရုတ် စူပါလိဒ်ကို ပြောင်းရွေ့သွားခဲ့ပါတယ်။ သရဲနီတစ်ခါဖြစ်ဖူးရင် အမြဲတမ်းသရဲနီဆိုတဲ့အတိုင်း ပရိတ်သတ်တွေ သတိရနေ အုံးမယ့် ဖယ်လိုင်နီဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source