Sports

ယူနိုက်တက်မှာထက် နိုင်ငံအသင်းမှာ‌ ခြေစွမ်းပြနေတဲ့ ပေါ့ဘာရယ့် အပြောင်းအရွေ့ဂယက်

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ ဟာ အသင်းမှာရှိဖို့ စာချုပ်သက်တမ်းရှိသေးပေမယ့် အပြောင်းအရွေ့သတင်းတွေကတော့ ဆက်တိုက် ထွက်နေပါတယ်။ ယူရိုပြိုင်ပွဲအတွင် ပြင်သစ်အသင်းနဲ့အတူ ပေါ့ဘာဟာ ရှိနေပြီး ယူနိုက်တက်မှာထက် ပြင်သစ်မှာ ခြေစွမ်းတွေပြနေပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း ပေါ့ဘာကို လိုချင်နေတဲ့ ပုံစံပြနေပါတယ်။ ယခုလည်း အင်တာဗျူးတစ်ခုမှာ ပြင်သစ်အသင်းဖော်တွေက ပီအက်စ်ဂျီကို ပြောင်းရွေ့ဖို့ စနောက်ပြီး ပြောဆိုခဲ့တာကို ပေါ့ဘာရယ့် ပုံစံက စိတ်ပါနေတဲ့ ပုံစံပြသခဲ့ပါတယ်။

ပြင်သစ်သား ပေါ့ဘာကတော့ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာပါ။ နည်းပြ ဆိုးရှားလ်ကတော့ ပေါ့ဘာကို အသင်းမှာ ဆက်ထားဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ပေါ့ဘာကို ရီရဲမက်ဒရစ်အသင်းကလည်း စိတ်၀င်စားနေပါတယ်။ ထိုအပြင် ဂျူဗင်တပ်စ် ကော ယခုအခါ ပီအက်စ်ဂျီကပါ သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ ပေါ့ဘာအကြား ချိတ်ဆတ်မှုတွေရှိလာနိုင်တယ်ဆိုပြီး ပြောဆိုမှုတွေရှိလာပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source