Sports

အကောင်းဆုံးလက်စွမ်းတွေနဲ့အတူ နောက်ရာသီမှာ ပွဲထွက်ခွင့်အတွက်ကြိုးစားရတော့မယ့် ဒီဂီယာ

ယူနိုက်တက်အသင်းရယ့် ဂိုးသမား ဒီဂီယာကတော့ ပြောင်းရွေ့မယ်လို့သတင်းကြီးနေပေမယ့် လက်ရှိသတင်းတွေအရတော့ ယူနိုက်တက်မှာ ဆက်ရှိနေအုံးမယ်လို့သိရပါတယ်။ အသက်30 ရှိပြီဖြစ်တဲ့ စပိန် ဂိုးသမား ဒီဂီယာဟာ ဒီနှစ်ရာသီမှာ သူအတွက် အခက်အခဲတွေယှဉ်ဆိုင်ခဲ့ရပါတယ်။ ယူရိုပါလိဒ်မှာ ဂိုးမ၀င်ခဲ့တာရော ပင်နယ်တီတွေ မကာကွယ်နိုင်ခဲ့တာတွေရော အဲ့ဒါတွေက သူ့အတွက် ကျရှုံးမှုတွေလို့ ပြောလို့ရပါတယ်။ ဖလားတစ်ခု ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေအပြင်းအထန်ခံ‌စားနေရပါတယ်။

‌ဒီဂီယာအနေနဲ့ကတော့ ဒါတွေဟာ သူ့အတွက် စိန်ခေါ်မှုအသစ်တွေလို့ လက်ခံပြီး အကောင်းဆုံးလက်စွမ်းတွေနဲ့ ပြန်လာမယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ဂိုးသမားဟန်ဒါဆန်နဲ့ လည်း နောက်ပိုင်းမှာ နံပါတ်တစ် ဂိုးသမားနေရာကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ နည်းပြကြီး ဖာဂူဆန်ထားခဲ့တဲ့ အမွေလို့ ‌လူတိုင်းပြောခဲ့ကြတဲ့ ဒီဂီယာ အနေနဲ့ အကောင်းဆုံးလက်စွမ်းတွေနဲ့ နောက်ရာသီမှာ မြင်တွေ့ရမလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source