Sports

ယူနိုက်တက်ရယ့် ဆန်ချို ခေါ်ယူမှုကြီးက ပြီးဆုံးတော့မှာလား?

ယူနိုက်တက်ကတော့ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုနဲ့ ဇာတ်လမ်းဟာ ထပ်မံပြီး စတင်လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ အပြောင်းအရွေ့မှာလည်း သတင်းကြီးခဲ့ပြီး အပြောင်းအရွေ့ ပြီးဆုံးချိန်မှာတော့ ရောက်မလာခဲ့ပါဘူး။ ယခုအခါမှာတော့ ယူနိုက်တက်ဟာ လိုအပ်နေတဲ့ ဖလားတွေအတွက် ကစားသမားခေါ်ယူဖို့က အရေးပါလာခဲ့ပါတယ်။ ယခုအပြောင်းအရွေ့ကာလမှာတော့ ယူနိုက်တက် အနေနဲ့ ဆန်ချိုနဲ့ တစ်ဖန် ပြန်လည် သတင်းတွေ ထွက်လာခဲ့ပြန်ပါပြီ။

ပြီးခဲ့တဲ့ အပြောင်းအရွေ့မှာ ယူနိုက်တက်ဘက်မှာ ဒေါ့မွန်တောင်းတဲ့ဈေးကို ပေးဖို့ ငြင်းဆန်ခဲ့ပြီး အပြောင်းအရွေ့ အထမမြောက်ခဲ့ပါဘူး။ ယခုအခါမှာလည်း ယူနိုက်တက်၏ ဆန်ချို အတွက် ယူရို ၇၈ သန်းဖြင့် ကမ်းလှမ်းမှုကို ‌ဒေါ့မွန်ဘက်က ပယ်ချခဲ့သည်။ ယူရို သန်း ၉၀+ ၅ သန်း တောင်းဆိုထားပြီး ငွေပေးချေမှုကို ၅ နှစ် အရစ်ကျထက် နည်းသော အချိန်အတွင်း လိုချင်သည်။ ၂ သင်းကြားတွင် စျေးညှိရာ၌ ကွာဟချက်ကြီးကြီးမားမားမရှိပဲ ကစားသမားနှင့်လည်း ပုဂ္ဂိုလ်ရေး သဘောတူပြီးဖြစ်သည်။ ယူနိုက်တက်အနေနဲ့ ဒေါ့မွန်လိုချင်တဲ့ ဈေးကို လိုက်လျောရင် ပြီးမယ့်အခြေအနေပါ။ ယူနိုက်တက်အနေနဲ့ ဈေးစစ်နေအုံးမယ်ဆိုတော့ ဝေးကွာနေမယ့် ပုံပါဘဲ။ ယူနိုက်တက်အပေါ် စောင့်ကြည့်ရမှာဖြစ်ပြီး ပရိတ်သတ်တွေ အလိုရှိနေတဲ့ ဆန်ချိုရောက်ရှိလာမလား ဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source