Sports

ဒန်နီရယ်ဂျိမ်းဟာ သူ့ထက်အပြေးမြန်တယ်ဆိုတဲ့ ရက်ဖို့ဒ်

အင်္ဂလန်မှာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်ကြယ်ပွင့် ရက်ဖို့ဒ်ကတော့ ယူနိုက်တက် ကစားဖော် ‌ဒန်နီရယ်ဂျိမ်းက သူ့ထက်အပြေးမြန်ပြီး ပြိုင်ပွဲလုပ်ရင် ဂျိမ်း နိုင်မှာပါဆိုပြီး အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ရက်ဖို့ဒ်က
” ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒန်နီရယ် ဂျိမ်း က မီတာ (၁၀၀) အပြေးပြိုင်ပွဲမှာ သူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလောက်အကွာအဝေးထိကို အပြေးမ​ပြိုင်ခဲ့ဖူးပါဘူး။ဒီလောက်အတိုင်းအတာက ကြီးမားတဲ့အကွာအဝေးတစ်ခုဖြစ်ပေမယ့် လူစာရင်းထဲမှာ သူကအပြေးအမြန်ဆုံးထဲကသူတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ကျွန်တော် မီတာ (၁၀၀)ကို အသက်ငယ်တုန်းကပြေးခဲ့ဖူးပါတယ်။ (၁၁)စက္ကန့်အတွင်းကျွန်တော်ပြေးနိုင်ခဲ့တယ်လို့ ထင်တယ် (၁၁.၄)စက္ကန့်အတွင်းမှာပေါ့ဗျာ ဒါပေမယ့် အဲ့အချိန်တုန်းက ကျွန်တော့်အသက် (၁၅)နှစ် (၁၆)နှစ်ဝန်းကျင်ပဲရှိပါသေးတယ်။
ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကျွန်တော်က အားကစားကိုချစ်ပါတယ်။ဘောလုံးလောကမှာ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ ပြေးလွှားတဲ့ပုံစံမျိုးက မီတာ(၁၀၀) အပြေးပြိုင်ပွဲကို တည့်တည့်ကြီးပြေးနေရတာမဟုတ်ပါဘူး နေရာပြောင်းပြီး ပြေးလွှားနေရတဲ့အတွက် ဒါက ကျွန်တော်လေ့ကျင့်မှုပေါင်းများသွာလုပ်ဆောင်နေတဲ့အရာထက်ပိုပြီး ကွဲပြားခြားနားပါတယ်။ ” ဆိုပြီးပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source