Sports

ပေါ့ဘာကို လက်လွတ်မခံချင်လို့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားလာတဲ့ ယူနိုက်တက်

အပြောင်းအရွေ့သတင်းတွေ ဆက်တိုက်ဆိုသလိုထွက်နေတဲ့ ပေါ့ဘာကတော့ ယူနိုက်တက်နှင့်အတူ ဆက်ရှိဖို့ စာချုပ်ထပ်မံချုပ်ဖို့ ပြင်ဆင်နေတယ်လို့ sky sportsရယ့် သတင်းများအရ သိရပါတယ်။ ကွင်းလယ်လူ ပေါ့ဘာကတော့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အတူ ယူရို2020အတွက်သာ လက်ရှိအချိန်မှာ စဉ်းစားနေကြောင်း ပြောကြားထားပါတယ်။ ပြင်သစ်မှာလည်း ယူနိုက်တက်မှာ ကစားတာထက် ပိုမိုကောင်းမွန်နေတဲ့သူဘဲဖြစ်ပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ နာမည်ကြီးနေတဲ့အသင်းတွေကတော့ ဂျူဗင်တပ်စ်၊ ပီအက်ဂျီနှင့် ရီရဲလ် စတဲ့ အသင်းကြီးတွေဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ပေါ့ဘာလိုကစားသမား မျိုးကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်နိုင်ခြင်း မရှိသည့်အတွက် စာချုပ်သက်တမ်းတိုးနိုင်ရေးကို အစွမ်းကုန်ကြိုးပမ်းမှာဘဲ ဖြစ်ပါတယ်။ ပေါ့ဘာ၏လက်ရှိ စာချုပ်သည် ယူနိုက်တက် နှင့် (2022)ခုနှစ် June လ အကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source