Sports

ဆန်ချိုအနေနဲ့ ယူနိုက်တက်ကိုရောက်ရှိဖို့ အချိန်တစ်ခုဘဲ လိုအပ်တော့တယ်ဆိုတဲ့ ဒေါ့မွန်

ခိုင်လုံတဲ့ သတင်းရပ်ကွက်ကလို့ဘဲ ပြောရမလား အတွင်းသတင်းလို့ဘဲပြောရမလား ကြားရတဲ့ သတင်းများအရတော့ လာမည့်အပတ်မှာ ယူနိုက်တက် နှင့် ဆန်ချို တရား၀င် သတင်းတွေ တက်လာတော့မယ်လို့ သိရပါတယ်။ ဆန်ချိုဘက် ကတော့ အပြောင်းအရွေ့ထက် ယူရိုပြိုင်ပွဲကိုသာ အလေးထားမည်ဖြစ်ကြောင်း တရား၀င်ပြောဆိုထားပါတယ်။ သတင်းများအရတော့ ယူနိုက်တက်နှင့် ဆန်ချို ဟာ လခ တွေအထိ ပုဂ္ဂိုလ်ရေး သဘောတူညီမှုများရရှိထားတယ် လို့ သိရပါတယ်။

ဆန်ချို နှင့် ကိုယ်စားလှယ်အဖွဲက ယူနိုက်တက်နှင့် အပြောင်းအရွှေ့ဖြစ်မြောက်မည်ဟု ယူဆထားကြသည်။ ဒေါ့မွန်ဘက်က အပြောင်းအရွှေ့ကို လာမည့်ရက်တစ် ပတ်၌ အပြီးသတ်နိုင်မည်ဟု ယုံကြည်ထားသည်။ ယူနိုက်တက်က ဆန်ချိုအတွက် ယူရိုသန်း(90)+ အပိုဆုကြေး ယူရို(5)သန်း ဖြစ်မည်ဟု သိထားသည်။

TTSoe
Sports Gaber
internet Source